ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 13 - မိသားစုသန့်စင်ပွဲဆောင်ဟိုင်နိုးလာတော့ သူရင်းနှီးမနေတဲ့ အခန်းတစ်ခုထဲမှာ။ ဒါပေမဲ့ ဆေးရုံက လူနာခန်းတော့မဟုတ်ဘူး။ ရိုးရာသစ်သားစပ်နည်းကိုသုံးပြီး တည်ဆောက်ထားတဲ့ အခန်းငယ်လေးတစ်ခုပါ။
"ဒီနေရာက..."
"ယာမာဂုချီအိမ်တော်လေ။" သူစကားမဆုံးခင်မှာပဲ ဥစာကီရဲ့စကားသံက ထွက်ပေါ်လာတယ်။ သူတို့က ဧည့်ခန်းထဲမှာဖြစ်ပြီး မက်ဒါနာတို့အုပ်စုလည်း ရှိနေတယ်။
သူတို့တွေအနေနဲ့ မြူတန့်သိပ္ပံအဖွဲ့ရဲ့အရေးကို အားလုံးနဲ့ဆွေးနွေးဖို့ လိုလာခဲ့ပါပြီ။ မူလကတော့ မက်ဒါနာက ယာမာဂုချီမိသားစုအပေါ် သိပ်အကောင်းမမြင်တဲ့အတွက် ဒီစံအိမ်ထဲကိုလာဖို့ မစဥ်းစားခဲ့ပါဘူး။
ဒါပေမဲ့ ဥစာကီကတော့ သတိမေ့နေတဲ့ ကိုင်းတိုကို အတင်းခေါ်လာဖို့ တိုက်တွန်းခဲ့ပါတယ်။ အိမ်ရှင်နိုင်ငံရဲ့အဆင့်အမြင့်ဆုံး ဟီးရိုးတစ်ယောက်က တောင်းဆိုတာဖြစ်တဲ့အတွက် သူတို့အုပ်စုဟာ မငြင်းခဲ့ကြဘူး။
ပြီးတော့ ဥစာကီရဲ့မျက်လုံးတွေထဲက ဆုံးဖြတ်ချက်ပြတ်သားမှုကို မြင်နေတာကြောင့်လဲပါတယ်။ စင်စစ်မှာ ဥစာကီအတင်းလိုချင်နေတဲ့အရာတစ်ခုကို သူတို့တားဖို့ ခွန်အားမရှိဘူး။
"ပထမဆုံးအနေနဲ့ ကျွန်မရှင့်အပေါ် အထင်သေးခဲ့မိတဲ့အတွက် တောင်းပန်ပါရစေ၊ ကိုင်းတို ဒိုနို။"
ဥစာကီက တာတာမီဖျာပေါ်မှာ ပဆစ်တုပ်ထိုင်ရင်း ကိုင်းတိုကို ဦးညွှတ်တောင်းပန်လိုက်တယ်။ အဲဒီနောက်တော့ သူက မက်ဒါနာဖက်ကိုလှည့်ပြီး မေးလိုက်တယ်။
"အရင်ဆုံး မင်းသမီး မက်ဒါနာနဲ့ ဗစ်ကောင့် ဖရာလီတာကို အမှန်အတိုင်းပြောဖို့ မေတ္တာရပ်ခံပါရစေ။ တိုကျိုဖြစ်စဥ်နဲ့နယူးယောက်ဖြစ်စဥ်နှစ်ခုလုံးမှာ ကျွန်မတို့ယာမာဂုချီမိသားစုက ဘယ်လောက်ထိပါဝင်ပတ်သက်ခဲ့သလဲ။"
ဥစာကီရောက်လာပြီး အစကနေအဆုံးထိ လုပ်ပုံကိုင်ပုံတွေအရ နည်းနည်းရုံးလုပ်ငန်းဆန်နေပေမဲ့ တရားမမျှတဘူးဆိုတဲ့ အရိပ်အယောင်မျိုးတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ ယာမာဂုချီမိသားစုက သူ့ရဲ့ဟီးရိုးလုပ်ငန်းခွင်အတွင်းမှာ ဩဇာလွှမ်းမိုးမှု ကြီးကြီးမားမားရှိနေတာကိုတော့ မငြင်းပယ်နိုင်ပါဘူး။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...