ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 1 - Archmegaမက်ဒါနာတစ်ယောက် သူထွင်ထားသည့် စက်ရုပ်ခွေးကြီးကိုစီးကာ မြို့ထဲတွင် ကင်းလှည့်နေသည်။ ယခု သူက လမ်းမကြီးတစ်ခုပေါ်တွင်ရှိနေပြီး သတ္ထုခွေးကြီး၏ခါးပေါ်တွင် စီးလျက်သား လိုက်ပါလာ၏။
"ဟေး Silver Knight။ စီးစရာတွေ ဘာတွေနဲ့ပါလား။"
ဖြတ်သွားဖြတ်လာ ပြည်သူတစ်ယောက်က ငွေရောင်စစ်သည်ကို လက်ပြနှုတ်ဆက်လိုက်သည်။ မက်ဒါနာလည်း ထိုလူကို ပြန်လက်ပြနှုတ်ဆက်လိုက်၏။
အခုရက်ပိုင်းအတွင်း သူ၏ခွေးစက်ရုပ်ကြီး ကောင်းကျိုးကြောင့် လူတော်တော်သက်သာသွားသည်။ အနည်းဆုံးတော့ မြို့ထဲတွင် ဟိုပြေးရဒီပြေးရနှင့် အပင်ပန်းခံစရာမလိုပေ။ ခွေးနက်ကြီးကို မြင်းစီးသကဲ့သို့ ကျောပေါ်တွင် လိုက်ပါစီးနင်းသွားရန်သာလိုသည်။ တစ်နည်းပြောရရင်တော့ မက်ဒါနာက အလယ်ခေတ်မြင်းစီးသူရဲကောင်းအစား ခွေးစီးသူရဲကောင်း ဖြစ်လာပေ၏။
ခွေးနက်ကြီးမှာ တကယ့်မြင်းတစ်ကောင်နီးပါး အရွယ်အစားရှိကာ အနက်ရောင်တောက်တောက်ခန္ဓာကိုယ်နှင့် ချွန်ထက်သော သတ္ထုသွားများ ရှိပေသည်။ မက်ဒါနာက ပယ်လာဒင်လုပ်ငန်းစုမှပေးသည့် ဒေါ်လာသန်းပေါင်းများစွာကို ထိုအကူစက်ရုပ်ထဲတွင် ထည့်သွင်းမြုပ်နှံလိုက်သည်။ ကိုယ်ထည်ကို ဇက်သတ္ထုရည်စိမ်ထားပြီး လက်သည်းများ၊ သွားများနှင့် ချွန်ထက်ကာ လှံကဲ့သို့ဖြစ်နေသည့် အမြီးထိပ်ဖျားတို့ကို တကယ့်ဇက်သတ္ထုအား အသုံးပြုပုံသွင်းထား၏။
အလိုလျောက်မောင်းနှင်လှုပ်ရှားနိုင်စေရန် အေမီကဲ့သို့ အသိဉာဏ်တုတစ်ခုကို ထည့်သွင်းထားပြီး ဆေဘာစတိန်းဟုခေါ်သည်။ မက်ဒါနာ၏အရင် စွမ်းအင်Coreအဟောင်းဖြစ်သော Archetype 01 ကို ထည့်သွင်းထားပြီး လက်ထောက်စက်ရုပ်အနေဖြင့် တိုက်ပွဲစွမ်းအားအလွန်မြင့်မား၏။ ထိုစက်ရုပ်ထွင်ပြီးနောက် အေမီမှာ အလိုလိုနေရင်း အိမ်အလုပ်လုပ်သည့် စက်ရုပ်ဖြစ်သွားလေသည်။
"မမလေး ကျွန်မကိုပဲစီးပါ၊ အဲဒီခွေးစုတ်ကြီးကို မစီးစမ်းပါနဲ့။" ဆေဘာစတိန်းကို စီးတော်ခွေးအဖြစ် အသုံးပြုမည်ကို အေမီကြားသောအခါတွင် မနေနိုင်မထိုင်နိုင် ဆန့်ကျင်ဆန္ဒပြတော့သည်။ သို့သော် မက်ဒါနာ၏အဖြေက..
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...