ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 40 - ထွေလီကာလီကိစ္စရပ်များနောက်တစ်နေ့မနက်ရောက်တော့ လီဆာလေးပျောက်သွားမှန်း လင်ဒါသိသွားပြီ။ အခုဆိုရင် လင်ဒါက အခန်းထဲကနေတောင် ထွက်မလာတော့ဘူး။ မက်ဒါနာကိုယ်တိုင်လည်း လင်ဒါကို ဘယ်လိုနှစ်သိမ့်ပေးရမှန်းကိုမသိဘူး။ သူကိုယ်တိုင်လည်း ဝမ်းနည်းနေတာပဲလေ။
မနက်စာစားတော့လည်း လင်ဒါ သူတို့စားပွဲဝိုင်းဆီကို ရောက်မလာဘူး။ နယ်စားကြီးကတော့ ဝမ်းနည်းနေပုံရတဲ့ မက်ဒါနာတို့တစ်ဖွဲ့လုံးကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။
"ဟူး... အဖိုးလည်း မြူတန့်သိပ္ပံအဖွဲ့ရဲ့သတင်းတွေကို နားစွန့်နေပါတယ်။ သူတို့ကိုကြည့်ရတာ ဂျပန်ကို ပြန်ဆုတ်သွားကြပုံပဲ။ နောက်ပြီး မြစ်မလေးလီဆာက သူတို့အနေနဲ့ အဆုံးရှုံးခံလို့မရတဲ့ အရာတစ်ခုဆိုတော့ ဂရုစိုက်ကြမှာမလို့ ယာယီအတွက်တော့ အန္တရာယ်မရှိလောက်ပါဘူး။ ဒီတော့ သမီးတို့သွားကယ်ဖို့ အချိန်ရလောက်သေးတယ်။"
ဖရာလီတာလည်း ခေါင်းညိတ်လိုက်တယ်။ ဆိုဖီယာလည်း အလားတူပဲ။ သူတို့ရဲ့သတင်းကွန်ယက်တွေက အင်မတန်ကျယ်ပြန့်တာကြောင့် နယ်စားကြီးမပြောခင်ကတည်းက ဒါတွေကို သိထားကြပြီးသားပါ။ ဖရာလီတာက စပြီးပြောလိုက်တယ်။
"စိုးရိမ်ရတာက အချိန်ကြာလေလေ Mad doctor က ပြီးပြည့်စုံတဲ့ဖော်မြူလာကို လုပ်နိုင်ဖို့လွယ်လာလေလေပဲ။ ဒီအတိုင်းဆိုရင် သူတို့အင်အားပိုကြီးလာပြီးတော့ ရင်ဆိုင်ရ ပိုခက်လာလိမ့်မယ်။ ဒါကြောင့် ငါတို့တွေ ဂျပန်ကို အမြန်လိုက်သွားသင့်တယ်။"
မက်ဒါနာလည်း ခေါင်းညိတ်လိုက်ပါတယ်။ ဒါပေမဲ့ ဖလေရာကတော့ စိတ်မကောင်းစရာ သတင်းတစ်ခုကို ပြောလာတယ်။
"ငါကတော့ နင်တို့နဲ့ ဆက်ရှိနေနိုင်မှာမဟုတ်ဘူး။ ငါဒီကိုထွက်လာတာက ကုမ္ပဏီမှာရှိနေတဲ့ အတွင်းလူကို လွတ်လွတ်လပ်လပ် လှုပ်ရှားလာအောင်လို့ တမင်ထောင်ချောက်ဆင်လိုက်တာ။ အင်း၊ လူယုံတစ်ယောက်တော့ ထားခဲ့ရတာပေါ့။ အခုတော့ သက်သေအလုံအလောက်စုမိပြီမလို့ ငါသွားပြီးတော့ သူ့ကိုဖြေရှင်းရတော့မှာ။"
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...