Chapter 1

1.8K 84 7
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ၊ ဘာလို့ဒီလောက်တောင်ခက်နေရတာလဲ။
Chapter 1- ကီလိုမန်း

သာမန်အနောက်တိုင်းဆန်ဆန် အိမ်လေးတစ်
လုံးဖြစ်သည်။ အိမ်လေးမှာရိုးရှင်းပြီး စျေးသင့်
တင့်သည့် နံရံကပ်စက္ကူအဖြူကိုသာ သပ်သပ်
ရပ်ရပ်ကပ်ထား၏။

အိမ်တံခါးဝနံရံနားတွင်တော့ ဂုဏ်ပြုတံဆိပ်
ပေါင်းစုံနှင့်မီးသတ်အမှုထမ်းတစ်ယောက်၏
ပုံကို ဝင့်ကြွားစွာချိတ်ထားသည်။ တံဆိပ်တစ်
ခုမှာ အဝင့်ကြွားဆုံးဖြစ်ပြီး အမေရိကန်ပြည်
ထောင်စု၏ မီးသတ်သမားတစ်ယောက် အမြင့်
ဆုံးရနိုင်သော တံဆိပ်ဖြစ်၏။ သို့သော်လည်း
ထိုတံဆိပ်၏နံဘေးတွင် သတင်းစာဖြတ်ပိုင်း
လေးတစ်ခုကိုတွေ့နိုင်ကာ စာသင်ကျောင်းမီး
လောင်မှုတွင် ကလေးများကိုဝင်ရောက်ကယ်
တင်ရင်း သေဆုံးသွားသည့် လူငယ်မီးသတ်သ
မားဟူသည့် သတင်းတစ်ပုဒ်ပါလေသည်။ အဆိုပါတံဆိပ်ရှင်သည် သေဆုံးသွားခဲ့လေပြီ။

အသက်သုံးဆယ်ခန့် ရှိပြီဖြစ်သော အမျိုးသမီးတစ်ဦးက ထွက်ခွာသွားတော့မည်
ဟုထင်ရသော သူနှင့်ရုပ်ချင်းဆင်သည့် လူလတ်ပိုင်းကြီးကို နှုတ်ဆက်နေသည်။
အသက်ငါးနှစ်အရွယ်ကောင်လေးတစ်
ယောက်ကတော့ ထိုလူကြီးကိုမပြန်စေချင်
သည့်အလား ခြေထောက်ကိုအတင်းဖက်
ထား၏။

"ညီမလေး၊ ဒါဆိုရင် အစ်ကိုပြန်တော့မယ်။
အိမ်မှာကလေးနဲ့ညီမနှစ်ယောက်ပဲရှိတာဆို
တော့ နိုးနိုးကြားကြားနေ ဟုတ်ပြီလား။ နေရ
အဆင်မပြေရင် ဇာတိမြေကိုသာ ပြန်လာခဲ့လိုက်။"

"အင်း... တကယ်လို့အဆင်မပြေရင် ကျွန်မစဥ်းစားလိုက်ပါမယ်။"

"ဟားဟား... ငါ့ညီမလေးက ထိပ်သီး A rank ဟီးရိုးတစ်ယောက်ရဲ့ညီမပဲ။ ကျောင်းတုန်းက
လည်း ကိုယ်ခံပညာဂုဏ်ထူးတွေရထားတာ
မဟုတ်လား။ အစ်ကိုစိတ်ချပါတယ်ကွာ။"

"လမ်းမှာဂရုစိုက်ဦးနော်။"

"သွားတော့မယ်။..."

ကောင်လေးက ချစ်စရာရွှေရောင်ဆံပင်လေး
နှင့်ဖြစ်ကာ သူ့မျက်လုံးများကတော့ အမေနှင့်
ဦးလေးဖြစ်သူလို အနက်ရောင်ဖြစ်နေသည်။
အာရှသွေးတစ်ဝက်ပါသော ကောင်လေးပင်။
သူက ဦးလေး၏ခြေထောက်ကို အတင်းဖက်
ထားပြီး တကျီကျီပူဆာနေ၏။

I just Wanna be Hero not HeroineWhere stories live. Discover now