Chapter 5

568 53 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 5- ဘာစွမ်းအားမှ မရှိသေးပါ

အချိန်တွေက လျင်မြန်စွာကုန်ဆုံးသွားတယ်။

တင်မီဟာ မင်းလွင်ရဲ့အကူအညီနဲ့အထက်တန်းကျောင်းအောင်သွားပြီး
နည်းပညာတက္ကသိုလ်ကြီးတစ်ခုကို တိုက်ရိုက် တက်ခွင့်ရခဲ့တယ်။ မင်းလွင်ကတော့ တက္ကသိုလ်စကော်လာတစ်ခုကို လျှောက်ခဲ့ပေမဲ့
စကော်လာအပြည့်ပေးတဲ့ နည်းပညာတက္ကသိုလ်တွေက ယနေ့ခေတ်မှာရှားနေပါပြီ။
တော်တော်များများက စကော်လာအောင်ရင်
ကျောင်းလခနည်းနည်းလောက် လျှော့ချပေးရုံပါပဲ။ ကျောင်းသားချေးငွေဆိုတာကြီးကတော့
အထက်တန်းကျောင်းက​လိုပဲ သူ့အမေမလျှောက်ခိုင်းလို့ မလျှောက်ခဲ့ပါဘူး။ ဒါကြောင့်ကျန်တဲ့လခတစ်ဝက်ကို သတိပေးနည်းပညာရောင်းလို့ရတုန်းကငွေနဲ့ပေးပြီး ဟီးရိုးအကူပစ္စည်းထုတ်တဲ့ နည်းပညာကုမ္ပဏီတစ်ခုမှာ နည်းပညာအကူအဖြစ် ဝင်လုပ်ခဲ့တယ်။

မင်းလွင်ကိုအလုပ်ခန့်ခဲ့တဲ့ကုမ္ပဏီဟာ ဟီးရိုး
အစည်းအရုံးတည်ထောင်သူ လေးဆယ့်ခုနှစ်
ယောက်ထဲက နည်းပညာအခြေပြုဟီးရိုးမက်တယ်ပလာဒင်ရဲ့ပလာဒင်နည်းပညာလေမီတက်
ပါ။ လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ ထိပ်သီးနည်း
ပညာကုမ္ပဏီကြီးဖြစ်ခဲ့ပေမဲ့ စူပါဟီးရိုးပလာဒင်
လူကြီးရောဂါနဲ့ဆုံးပါးပြီးတဲ့နောက်မှာတော့ တ
ဖြည်းဖြည်းကျဆင်းလာခဲ့တယ်။

ပလာဒင်နည်းပညာကုမ္ပဏီဟာ ဟီးရိုးအထောက်အကူပြုပစ္စည်းတွေအပြင် ရဲတပ်ဖွဲ့
နဲ့စစ်တပ်အတွက် နည်းပညာမြင့်တိုက်ပွဲဝင်
စက်ရုံတွေကို ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့
နှစ်ငါးဆယ်ကျော်လာပြီးတာတောင် ဒီစက်ရုပ်
တွေရဲ့စွမ်းအားဟာ D အဆင့်မြူတန့်တစ်ဦးနဲ့
တူညီလုနီးပါးသာရှိတယ်။ အတော်ကြီးအား
စိုက်ထုတ်လုပ်ထားတဲ့စက်ရုပ်တွေတောင် C+
အမြင့်ဆုံးသာရောက်ကြပါတယ်။ ဒါကြောင့်
ဒီစက်ရုပ်တွေဟာ C အဆင့်မြူတန့်ရာဇဝတ်
သားတစ်ယောက်ကိုဖမ်းဖို့တောင် တပ်စုတစ်စု
စာလောက် ဝိုင်းဖို့လိုနေတယ်။ သာမန်လူတွေ
အတွက် ယှဥ်နိုင်စရာအကြောင်းမရှိတဲ့ ရဲစက်ရုပ်တွေလို့ပြောနိုင်ပေမဲ့ ရာဇဝတ်သား
မြူတန့်တွေကတော့ သူတို့ကို စည်သွပ်ဘူးတွေလို့သာ လှောင်ပြောင်ကြတယ်။

I just Wanna be Hero not HeroineWhere stories live. Discover now