V4 Chapter 44

101 11 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 44 - ပိုမိုပြင်းထန်လာသော အခြေအနေများ

ငွေရောင်စစ်သည်က မြေဆွဲအားဓားကြီးကို လွှဲယမ်းပြီးတော့ အသားစားပန်းဘုရင်မကို အားကုန်ခုတ်ပိုင်းဖို့ ကြိုးစားလိုက်တယ်။ အသားစားပန်းဘုရင်မက ကြီးမားပေမဲ့ နှေးကွေးလေးလံမနေပါ။ အဲဲဒီအစား မြန်ဆန်ပြီး အားအင်ကြီးမားပါတယ်။

ဘုန်း....။

ငွေရောင်စစ်သည်က အရိုက်ခံလိုက်ရပြီး နောက်ကိုလွင့်သွားတယ်။ မြေပေါ်မှာ သုံးမီတာလောက် တရွတ်တိုက်ဆွဲသွားပြီးမှ ​ဓားကိုမြေပြင်မှာထောက်ပြီး ပြန်ထရပ်လိုက်နိုင်တယ်။

"အချည်းအနှီးပဲ၊ နင့်ရဲ့ဝတ်စုံက အထွတ်အထိပ်အ​ခြေအနေမှာ ရှိမနေတော့ဘူးမဟုတ်လား။ ခုခံမနေဘဲ ငြိမ်ငြိမ်လေး သေပေးလိုက်လို့မရဘူးလား၊ မင်းသမီးလေး။"

ဒါပေမဲ့ မက်ဒါနာကတော့ ဗီးနပ်စ်ပြောတဲ့စကားကို နားထောင်ဖို့မရှိဘူး။ ဓားကိုဆွဲပြီးတော့ ချက်ချင်းပြန်တိုက်တယ်။ သူ့ရဲ့ကျိုးနေတဲ့လက်က အခြေအနေပိုဆိုးလာပြီး သွေးတွေစိမ့်ထွက်နေပေမဲ့ပေါ့။

တိုက်ကွက်နှစ်ဆယ်လောက် ထပ်ဖလှယ်ပြီးတဲ့နောက်မှာတော့ ငွေရောင်စစ်သည်က အတောင်ပံဖွင့်ပြီး အသံထက်မြန်တဲ့နှုန်းနဲ့ စတင်တိုက်ခိုက်တာကြောင့် အသားစားပန်းဘုရင်မက နောက်ကိုတွန်းပို့ခံလိုက်ရတယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်က ပန်းဘုရင်မကို အနိုင်တိုက်နိုင်ဖို့တော့ ဝေးနေဆဲပါ။

"နင့်ရဲ့ဟာရီကိန်းတိုက်ကွက်ကို ထုတ်မသုံးသေးဘူးလား၊ အဲဒါက တော်တော်အစွမ်းထက်တယ်မဟုတ်လား။ ဒါမှမဟုတ် နင့်မှာသုံးနိုင်တဲ့ အင်အားမရှိတော့တာလား၊ အဟားဟား..."

ဗီးနပ်စ်ရဲ့ကိုယ်ပွားကလည်း လှောင်ရယ်လိုက်ပြီး သူ့ကျောနောက်က နတ်သမီးထောင်ချောက်အတောင်ကို ခတ်လိုက်တယ်။ အသားစားပန်းဘုရင်မကို တိုက်ခိုက်နေသေးတဲ့ မက်ဒါနာကို ဗီးနပ်စ်ကိုယ်ပွားက ဘေးကနေ ဝင်တိုက်ပစ်လိုက်တဲ့အတွက် ချက်ချင်းလွင့်ထွက်သွားတယ်။

နောက်တော့ ဗီးနပ်စ်အတုနဲ့ငွေရောင်စစ်သည်တို့က အသံထက်မြန်တဲ့နှုန်းနဲ့ စတင်တိုက်ခိုက်ကြပါတယ်။ဗီးနပ်စ်ကိုယ်ပွားက ငွေရောင်စစ်သည်ရဲ့အောက်စည်းမှာရှိနေပေမဲ့ ဝမ်းသာအားရ ရယ်မောနေဆဲပါ။ ငွေရောင်စစ်သည်က သူ့ကိုဘယ်လောက်တိုက်တိုက် အသားစားပန်းဘုရင်မကို မဖျက်ဆီးနိုင်ရင် သူသေမှာမဟုတ်ပါဘူး။

I just Wanna be Hero not HeroineWhere stories live. Discover now