ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 34- တစ်မြို့လုံးက မြူတန့်တွေ ရူးကုန်ပြီအိုက်ဇာဝါက သူ၏လက်တော့ကိုဖွင့်ကာ Zoom မီတင်ဖြင့် အခြားလူတစ်ယောက်နှင့် တွေ့ဆုံနေသည်။ အိုက်ဇာဝါ၏ပုံစံက နည်းနည်းလေးမှ အဆင်ပြေသည့်ပုံမပေါ်ပေ။ ခါတိုင်းလို တည်တည်ငြိမ်ငြိမ်မရှိဘဲ ခြေလက်ဂနာမငြိမ် ဖြစ်နေ၏။
"ပါမောက္ခစမစ်၊ ခင်ဗျားရဲ့မဟာမိတ်အနေနဲ့ ခင်ဗျားကို တောင်းဆိုစရာတစ်ခုရှိတယ်။ ဖရာဒေးစမ်းသပ်မှုကို နှစ်ပတ်စောပြီး လုပ်လို့ရမလား။"
ထိပ်ပြောင်ပြောင်နှင့် အသက်ခြောက်ဆယ်ကျော်ခန့်ရှိမည့် အဖိုးကြီးတစ်ယောက်၏ပုံရိပ်က ဖန်သားပြင်ပေါ်တွင် ပေါ်နေ၏။ သူ၏နံဘေးတွင်တော့ လှပသည့်မိန်းကလေးတစ်ယောက်ရှိနေပြီး
ပါမောက္ခစမစ်၏ရင်ခွင်ကို မှီလျက်မှေးစက်နေသည်။ ပါမောက္ခစမစ်ကလည်း ထိုမိန်းကလေး၏ဆံပင်များကို သူ၏လက်ဖြင့် ရွှရွှလေးထိုးဖွပေးနေသည်။သို့သော် ထိုမိန်းကလေးက သာမန်မိန်းကလေးတစ်ယောက် မဟုတ်ပါ။ ကင်းခြေများတစ်ကောင်ကဲ့သို့ သူ၏ခေါင်းမှ အနီရောင်ဦးချိုနှစ်ခုထွက်နေပြီး ခန္ဓာကိုယ်အောက်ပိုင်းက လုံးဝကင်းခြေများတစ်ကောင်အတိုင်း ဖြစ်နေသည်။ ပါမောက္ခကြီးက ထိုမိန်းကလေး နိုးသွားမှာကို စိုးရိမ်သည့်အလား နှုတ်ခမ်းပေါ် လက်ညိုးကို ကန့်လန့်ဖြတ်တင်ကာ ရှူးခနဲအသံပြုလိုက်၏။
"ဆန်တီအိပ်နေတယ်၊ သူက အော်လားငေါက်လားပြောရင်မကြိုက်ဘူး။"
ထိုမိန်းကလေး၏နာမည်ရင်းမှာ ဆန်နီဖြစ်ပြီး ငယ်စဥ်ကတည်းက ပါမောက္ခကြီးက သူ့ကိုရုရှားနိုင်ငံ၏ဆိုက်ဘေးရီးယားဒေသမှ ခေါ်ဆောင်လာခြင်းဖြစ်သည်။ နှစ်သုံးဆယ်ကျော်လုံးလုံး အရူးသိပ္ပံပညာရှင်၏ စမ်းသပ်ခံဖြစ်လာခဲ့ပြီး ပထမဆုံးအောင်မြင်သော မပြည့်စုံသည့် အသွင်ပြောင်းမြူတန့်လည်းဖြစ်သည်။
ထိုမိန်းကလေး၏အသက်မှာ မငယ်တော့သော်လည်း ထူးခြားသည့် ဆင့်ကဲပြောင်းလဲမှုများကြောင့် အသက်နှစ်ဆယ်ပင် မပြည့်သေးသလို ထင်ရသည်။ သူ၏အသားအရေ လူသားတစ်ဦးအနေဖြင့် မဖြစ်နိုင်လောက်အောင်ကို ဖြူစွတ်နေပြီး ကင်းခြေများကဲ့သို့ အစိတ်အပိုင်းများကတော့ အနီရောင်ဖြစ်၏။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...