ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 35- သုတ်သင်ရေးနေ့နယူးယောက်မြို့ကြီးတစ်ခုလုံး ဝုန်းဒိုင်းကြဲနေ၏။ နေရာတိုင်းတွင် သွေးများ၊ အပျက်အစီးများနှင့် ပြည့်နှက်နေပြီး ဆေးရုံများတွင် လူတွေပြည့်လျှံလျက်ရှိသည်။
အချိုရည်ထဲပါလာသည့် မြူတန့်စွမ်းအားဆေးသည် သောက်မိသူ ဆယ်ယောက်တွင် နှစ်ယောက်ကိုသာ အသိစိတ်ကင်းမဲ့သွားစေသည်။ သို့သော် စွမ်းအားဆိုသည်က လူများကို ရူးသွပ်စေနိုင်သည်။ စွမ်းအားတိုးလာခြင်းက သူတို့ယခင်က မလုပ်နိုင်သည့်အရာများကို လုပ်နိုင်ပြီဟုအဓိပ္ပါယ်သက်ရောက်လေသည်။ ယာယီတိုးလာခြင်းသာဖြစ်သော်လည်း ထိုအချိန်လေးအတွင်း သူတို့လုပ်နိုင်သည့်အရာများ တောင်လိုပုံနေဆဲဖြစ်၏။
သာမန်အထက်တန်းကျောင်းလေးတွင်ဖြစ်သည်။ မျက်မှန်နှင့်ခပ်ဝဝကောင်လေးတစ်ယောက်က ပုဆိန်တစ်လက်ဖြင့် သူ၏အတန်းဖော်များကို နောက်မှလိုက်ခုတ်နေသည်။
"ငါက ဝတယ်ဟုတ်လား၊ ဝလို့ ချေးနံနံတယ်ပေါ့။ ငါက ချီးထုပ်ဟုတ်လား။ ဒီချီးထုပ်က ဒီနေ့ မင်းတို့အားလုံးကို သတ်ပစ်မယ်။"
စင်စစ်တွင် ကောင်လေးက ပုဆိန်ကိုကိုင်ထားခြင်းမဟုတ်ပေ။ သူ့လက်က ပုဆိန်ဖြစ်နေခြင်းပါ။ သူ့လက်ကို မြောက်ပစ်လိုက်သည့်အခါ ပုဆိန်က လေပေါ်မြောက်တက်သွားပြီး တခြားလူကောင်ကြီးကြီး ကောင်လေးတစ်ယောက်၏ပခုံးကို သွားစိုက်သည်။
"အား....." ကျန်ကျောင်းသားများလည်း လန့်ပြေးကုန်ကြ၏။ ပုဆိန်က လက်နေရာကနေ ကျွတ်ထွက်သွားပြီးနောက် ခပ်ဝဝကောင်လေး၏ လက်နေရာတွင် သွေးရည်ကြည်များ ပြန်စုစည်းလာပြီး လက်အသစ်တစ်ခု ဖြစ်လာပါသည်။
"မာဂီ... ငါ...ငါက မင်းကိုခင်လို့စမိတာပါ။" ပခုံးတွင် ပုဆိန်စိုက်နေသည့် ကောင်လေးက အော်ငိုရင်း ပြောလိုက်သည်။ သွေးများက သူ့တစ်ကိုယ်လုံး စိုရွှဲနေပြီဖြစ်၏။ ခပ်ဝဝကောင်လေးက သူ၏ရှေ့တွင်ရပ်လိုက်ပြီး သတ္ထုပုဆိန်ကို ဒဏ်ရာရနေသည့် ကျောင်းသားပခုံးမှ ဆွဲနှုတ်လိုက်သည်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...