Chapter 9

449 56 2
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 9- အရုပ်မလေးမက်ဒါနာ

ငွေရောင်ဆံနွယ်လေး​တွေရဲ့ မက်ဒါနာတစ်ယောက် ချည်သားဂါဝန်အဖြူ ပါးပါးလေးကိုဝတ်ထားရင်း ဆိုင်အဝတ််လဲခန်းထဲကနေ ရှက်ရှက်နဲ့ထွက်လာတယ်။ ကောင်မလေးပါးတွေဆို နီရဲနေတာပဲ။

ဒီနေ့က တနင်္ဂနွေနေ့ပါ။ တခြားသူတွေအတွက် ရုံးပိတ်ရက်ပေမဲ့ မင်းလွင်အတွက်ကတော့ အချိန်ပိုင်းရုံးတက်ရက်ပါ။ ပြဿနာက သူရုံးကို ဘယ်လိုသွားရမှန်း မသိသေးတာပဲ။ ဖလေရာသူ့ကိုလူလိမ်လို့ ထင်သွားနိုင်တာကိုး။ ဒီတော့ ဘေးအိမ်ကအန်တီလေး အကြံပေးတဲ့အတိုင်း အဝတ်ဝယ်ဖို့ဖြစ်လာတယ်။ သိပ်လှတဲ့ကောင်မလေး မက်ဒါနာဖြစ်နေပြီဆိုတော့ မိန်းကလေးဆန်အောင်နေကြည့်ဖို့ ကြိုးစားရမယ်မဟုတ်လား။ ဒီလိုနဲ့တီတီလေးအိုလီ​ဗာနောက်လိုက်လာတာ။

"အောင်မလေး လှလိုက်တာ၊ ဘာဝတ်ဝတ်လှနေတော့တာပဲ။" အိုလီဗာကတော့ ပါးဝပ်ကိုလက်ဝါးနဲ့ကာရင်း မက်ဒါနာကို အသည်းအသန်ချီးကျူးနေတယ်။ သူတို့အဝတ်ရွေးနေတာ သုံးနာရီလောက်ရှိပြီ။ မက်ဒါနာလည်း ပင်ပန်းလှပြီ။ ဒါပေမဲ့ဆိုင်က အစ်မကြီးတွေနဲ့တီတီလေးအိုလီဗာကတော့ နည်းနည်းလေးမှ ပင်ပန်းပုံမရဘူး။ ဝတ်စုံလှလှလေးတွေထုတ်ပြပြီး အတင်းဝတ်ခိုင်းတော့တာ။ မဝယ်နိုင်ပါဘူးဆိုတာတောင် မရဘူး။

"မ...မစ်အိုလီဗာ.. ဒီအဝတ်တွေက တအားပါးသလိုပဲ ကျွန်မ မနေတတ်တော့ဘူး။" တကယ်ပြောရရင် ရုတ်တရက်ကြီး ကောင်မလေးဖြစ်သွားတာမလို့ မက်ဒါနာမှာ မိန်းမဝတ်အတွင်းခံတွေမရှိသေးဘူး။ ဒီတော့ ချယ်ရီသီးနီနီလေးတွေကိုလည်း ဝိုးတဝါစလေးမြင်နေရတယ်။ အစ်မကြီးတွေကတော့ နှာခေါင်းသွေးလျှံကျမလာအောင်လို့ နှာခေါင်းကိုလက်နဲ့ညှစ်ထားကြရလေရဲ့။

"အောင်မလေး ချစ်စရာကောင်းလိုက်တာ၊ ရော့ရော့ ဒီအင်္ကျီလေးဝတ်ကြည့်ဦး။"

"အာ...ဒါပေမဲ့ ကျွန်မက ဝယ်မှာမှမဟုတ်တာ။
စျေးဒီလောက်ကြီးတာကို။" ဆိုင်မန်နေဂျာမမကတော့ နည်းနည်းလေးမှ စိတ်ရှိတဲ့ပုံမပေါ်ဘူး။ ပန်းပွားအကမယ်ဝတ်စုံကို မက်ဒါနာလေးလက်ထဲထိုးထည့်ပေးလိုက်ပြီး အတောက်ပဆုံးပြုံးပြလိုက်တယ်။

I just Wanna be Hero not HeroineWhere stories live. Discover now