V4 Chapter 47

90 13 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 47 - နောက်ဆုံးတိုက်ပွဲ

မက်ဒါနာ သတိပြန်လည်လာတော့ နာလွန်းလို့ ကိုယ့်ပါးကိုယ် လက်နှစ်ဖက်နဲ့အုပ်ထားမိလိုက်တယ်။ အဲဒီတော့မှ သူ့ပါးပြင်က ပုံမှန်အတိုင်းမဟုတ်ဘဲ နှစ်ဆနီးပါး ဖူးရောင်ထွက်နေမှန်း သတိထားမိတော့တာ။

"အားလားလား... ဘယ်သူငါအိပ်နေတုန်း ပါးလာရိုက်သွားတာလဲ။"

မက်ဒါနာက တိုက်ပွဲတစ်ဝက်လောက်မှာတင် အသိစိတ်ပျောက်သွားတာဖြစ်လို့ ဘယ်သူသူ့ပါးရိုက်သွားမှန်း မမှတ်မိတော့ဘူး။ ​ဒီတော့ ပုံမှန်အခြေအနေမှာဆိုရင် ဖရာလီတာအနေနဲ့ အပြစ်တင်ခံရမှာမဟုတ်ပေမဲ့ ရှိသမျှမျက်မြင်သက်သေတွေအားလုံးက ဝါးဖရိန်အနက်ကြီးဆီကို လက်ညိုးထိုးပြလိုက်ကြတယ်။

မက်ဒါနာကတော့ အနက်ရောင်ဝါးဖရိန်ကြီးကိုကြည့်ရင်း ဒေါသသံပါပါနဲ့ပြောလိုက်တယ်။

"ဖရာလီတာ၊ နင်ငါ့ကို ဘယ်တုန်းက အငြိုးတွေနဲ့ ရိုက်လိုက်တာလဲ။" သူမှိုစွဲရောဂါရပြီး အသိစိတ်ပျောက်နေလို့ တခြားသူတွေကို ရန်မမူမိအောင်လို့ ဝင်ထိန်းတာကိုတော့ လက်ခံပါတယ်။ ဒါပေမဲ့ ပါးတွေထုံကျင်နေလောက်တဲ့အထိ ရိုက်ခဲ့တာကတော့ လုံးဝကျော်သွားပေးလို့မရဘူးလေ။

"တကယ်ပါပဲ၊ ငါသူ့ကိုကလေးဆိုပြီးတော့ ယုံလိုက်မိတာကိုမှားတာ။" မက်ဒါနာတစ်ယောက် မိုးပေါ်က လမင်းကြီးကိုမော့ကြည့်ရင်း ပြောလိုက်တယ်။ နောင်အနာဂတ်မှာ သူအိပ်နေတုန်း ဖရာလီတာလာနှောင့်ယှက်တာမခံရအောင် အေမီကိုကင်းစောင့်ခိုင်းတာမျိုးလုပ်ရမယ်ထင်တယ်။ မဟုတ်ရင်တော့ မနက်နေထွက်တာတောင် မြင်ချင်မှမြင်ရတော့မှာ။

မက်ဒါနာရဲ့ဒေါသကို ကြောက်တဲ့အတွက်ကြောင့် ဖရာလီတာရော အေမီပါငြိမ်နေကြတယ်။ မက်ဒါနာကတော့ ပတ်ဝန်းကျင်က အပျက်အစီးတွေကိုကြည့်ရင်း တစ်ခုခုကို အတည်ပြုလိုက်ပါတယ်။

"ဒီတော့ တိုက်ပွဲပြီးသွားပြီပေါ့၊ ဗီးနပ်စ်သေသွားပြီလား။"

အားလုံးခေါင်းခါပြကြတာမြင်တော့ မက်ဒါနာသက်ပြင်းချလိုက်ပါတယ်။ "ဟူး... ထင်တော့ထင်သား။"

I just Wanna be Hero not HeroineWhere stories live. Discover now