Chapter 20

362 47 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 20- ဒီဟာမက ငါ့ကိုငတုံးထင်နေတာလား

Fox သတင်းဌာနရဲ့အဆောက်အဦးဟာ နယူးယောက်မှာအတော်လေးကျော်ကြားတယ်။ လေးထောင့်ပုံ အထပ်မြင့်တိုက်အမြွှာဖြစ်ပြီးတော့ အောက်ခြေကိုတော့ စမတ်ကျတဲ့ အညိုရောင်တိုင်လုံးတွေနဲ့ အလှဆင်ထားပါတယ်။

အခုတော့ မက်ဒါနာဟာ ငွေရောင်စစ်သည်ဝတ်စုံကြီးကိုဝတ်ထားပြီးတော့ အဆောက်အဦးဘေးမှာ တောင့်တောင့်ကြီးရပ်နေရတယ်။

"ငါလခွမ်း၊ ဘယ်လိုသတင်းဌာနလဲဟ။ အပြင်မှာ ထိုင်စရာနေရာတစ်ခုတောင် လုပ်မပေးထားဘူး။"

တကယ်လို့ လေဒီဘတ်တာဖလိုင်းပေးခဲ့တဲ့ လိပ်စာကတ်ထဲက ညနေခင်းသတင်းတင်ဆင်သူ မာဂရက် ဆောရာကို တွေ့ဖို့ကြောင့်သာမဟုတ်ရင် သတင်းဌာနအနားကို သူမသွားချင်ပါဘူး။ အခု Silver Kinghtက နယူးယောက်ရဲ့နာမည်ကျော် ဟီးရိုးကြီးတစ်ယောက်ပါ။ သူက B- ဖြစ်ပေမဲ့ မြို့သားတွေကတော့ C အဆင့်တစ်ယောက်အနေနဲ့ပဲ သိကြပါတယ်။ ဒါပေမဲ့ သူ့ကျော်ကြားမှုကတော့ နယူး​ယောက်အစည်းအရုံးက B+ ဒုဌာနမှူးတွေနဲ့တောင် နင်လားငါလားဖြစ်နေပါပြီ။

တစ်ခါတလေမှာ ဟီးရိုးတစ်ယောက်ရဲ့ကျော်ကြားမှုက ဟီးရိုးတစ်ယောက်ရဲ့စွမ်းအားနဲ့ တိုက်ရိုက်အချိုးမကျပါဘူး။ မကြာသေးခင်က ဟီးရိုးအလုပ်သင်အဖြစ်ကနေပြီး တင်းပြည့်ဟီးရိုးဖြစ်လာတဲ့ Boing Girl အဲလေ Boeing Girlဆိုရင်လည်း C အဆင့်တစ်ယောက်ဖြစ်ပေမဲ့ သူ့ရဲ့လှပတဲ့ပုံစံနဲ့ သိပ်ကိုဆက်စီဖြစ်လွန်းတဲ့ခန္ဓာကိုယ်အချိူးအစားကြောင်း ဥစာကီရဲ့သတင်းတွေကိုတောင် ဖုံးသွားခဲ့ဖူးပါတယ်။ ပြီးတော့ အဲဒီဘွင်ဘွင်ဟီးရိုးက သူနဲ့အထက်တန်းကျောင်းနေဖက် မယ်လီဆိုတာ အသိသာကြီး။ နှမ်းဖက်ရောင်ဆံပင်တွေနဲ့ ပြိုင်ဖက်ကင်းဘွင်ဘွင်တွေက အလွယ်တကူမေ့လို့ရတာမဟုတ်ဘူး။

ထားတော့ မယ်လီနဲ့သူနဲ့က ဒီလောက်ရင်းနှီးတာမှမဟုတ်တာ။ ဒီတော့ တွေးနေလည်းအပိုပါပဲ။ Silver Knight Foxသတင်းဌာနရှေ့ကို ရောက်ရှိလာခြင်းက ချက်ချင်းပဲဟိုးလေးတကျော်ကျော်ဖြစ်သွားတယ်။ သတင်းထောက်တချို့တောင် သူ့အနားကပ်လာပေမဲ့ မက်ဒါနာကတော့ သူတို့ကိုလစ်လျူရှုထားပြီး အဲလီဇဘက်ဘုရင်မကြီးရဲ့တော်ဝင်အစောင့်တွေလိုမျိုး ခပ်တည်တည်နဲ့ရပ်နေလိုက်တယ်။

I just Wanna be Hero not HeroineWhere stories live. Discover now