V2 Chapter 18

240 39 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 18 - သူတောင်းစားဂိုဏ်းချုပ်

"ဆုဗာနာရဲ့ခရိုင်တစ်ခုမှာ တကယ်ပဲဟုန်မျိုးဆက်တစ်ယောက်က ပုန်းနေတာလား။"

ခန်ရှီးအမိန့်တော်တံဆိပ်ကို ကိုင်ဆောင်ထားသည့် မန်ချူးအမျိုးသား ပြောလိုက်သည်။ သူတို့နှစ်ဦးလုံး ဆုဗာနာနယ်မြေပေါ်ခြေချပြီးသည်မှာ လေးဆယ့်ရှစ်နာရီ ကျော်ခဲ့ပေပြီ။

သေးငယ်သော ဆုဗာနာ၏မြို့တော်သိရိစန္ဒါအား သုံးခေါက်လောက် ပတ်ပြီးကြပြီဖြစ်သည်။ ယခုလည်း သူတို့နှစ်ယောက်က လမ်းကြားလေးတစ်ခုအတွင်း လျှောက်သွားနေကြသည်။ ယခုနေရာက အတော်လေးစုတ်ပြတ်ဟောင်းနွမ်းနေပြီး စစ်အတွင်းက ဗုံးကျဲခံရသဖြင့် ပျက်စီးနေသော အဆောက်အဦးအများအပြားကို တွေ့မြင်နေရ၏။

ဆုဗာနာမြို့တော်မှာ လေးပွင့်ဆိုင်စစ်ပွဲအတွင်း အနည်းဆုံးသုံးကြိမ်ခန့် ဗုံးကျဲခံခဲ့ရဖူးပြီး စစ်၏အရိပ်အယောင်များကို ယခုထိမြင်နေရဆဲဖြစ်သည်။

ဆင်းရဲနွမ်းပါးဟန်ရသည့် အဝတ်အစားစုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ထားသူတချို့ လမ်းဆုံတစ်နေရာသို့ ဦးတည်သွားနေကြ၏။

မန်ချူးဦးလေးကြီးက မနေနိုင်တော့ဘဲ ကလေးမလေးတစ်ယောက်ကို လှမ်းဆွဲလိုက်ကာ မေးလိုက်သည်။

"မိန်းကလေး... မင်းတို့တွေ ဘယ်ကိုသွားနေကြတာလဲ။" မန်ချူးဦးလေးကြီးက မြန်မာစကားကို အတန်ပီသအောင် ပြောနိုင်သည်။ ရိုးရှင်းသော စကားများကို ရေရေမွန်မွန်ပြောတတ်သူဖြစ်၏။

"နယ်စားစံအိမ်က အစားအသောက်ဝေတာကို သွားနေတာပါ။ မြန်မြန်မသွားရင် သမီးအတွက်ရတော့မှာမဟုတ်ဘူး။"

ဝက်သားခုတ်ဓားကို ခါးကြားတွင်ထိုးထားသည့် ဝတုတ်ဦးလေးကြီးက ပြောလိုက်သည်။

"ဖုတုဟိုင်၊ ဒီနိုင်ငံက စစ်ဒဏ်ကို အကြီးအကျယ်ခံစားထားရတာ။ ပြန်လည်တည်ထောင်ရေးတွေလုပ်နေပေမဲ့ ဆယ်နှစ်ကြာသွားတာတောင် အခုလိုစားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ ဒုက္ခသည်တွေနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေရှိနေသေးတယ်။ ဒါကြောင့်ပဲ ငါဒီနေရာကို လိုက်ရှာတာ။"

I just Wanna be Hero not HeroineWhere stories live. Discover now