V4 Chapter 20

93 12 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 20 - ရင်းနှီးနေတဲ့ ဖုန်းကောလ်

ဓားနတ်ဆိုးရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေအများကြီး ဖုံးလွှမ်းနေတဲ့အတွက် သူ့အသက်ကိုမှန်းနိုင်ဖို့ခက်တယ်။ ပြောရရင် ရှိရင်းစွဲအသက်ထက် အများကြီးပိုရင့်တယ်လို့ ထင်ရတဲ့အတွက် မက်ဒါနာကိုယ်တိုင်လည်း သူ့အသက်ကို မခန့်မှန်းတတ်ဘူး။ ဒါပေမဲ့ အတော်လေးကို စိတ်ထားကြမ်းတမ်းပြီး ခန့်မှန်းရခက်တဲ့သူပါ။

ပြီးတော့ ကန်းနေတဲ့မျက်လုံးအစုံနဲ့တောင်မှ တိုက်ခိုက်နိုင်စွမ်းရှိသေးတယ်။

မက်ဒါနာ ပုံထဲကလူကို အကြာကြီးစိုက်ကြည့်နေမှန်း သတိထားမိတဲ့အတွက် ဖွားဖွားပန်ဒရာဂွန်က မေးလိုက်တယ်။ "ဘာဖြစ်လို့လဲ၊ သူ့ကို တစ်နေရာရာမှာ မြင်ဖူးလို့လား။"

မက်ဒါနာက ခေါင်းညိတ်ပြီး အင်းလို့ပဲဖြေလိုက်တယ်။ နောက်တော့ လီဆာဖက်ကိုလှည့်ပြီး ပြောလိုက်တယ်။

"လေယာဥ်တစ်နေကုန်စီးလာရတာဆိုတော့ ပင်ပန်းနေပြီမဟုတ်လား။ အတူသွားနားရအောင်။" အဲဒီနောက် ဖရာလီတာက လီဆာလေးလက်ကိုဆွဲပြီး အစေခံတွေ သူတို့အတွက်နေရာချပေးထားတဲ့ ဧည့်သည်ခန်းထဲကို ဝင်လိုက်ကြတယ်။

အခန်းကတော့ သားသားနားနားပါပဲ။ ဖရာလီတာကတော့ အထဲမှာကြိုရောက်နေနှင့်ပြီ။ မဒမ်လော့ရင့်ကတော့ ဘယ်ရောက်သွားလဲမသိဘူး။

"ဟေး... မက်ဒါနာ... ဒီနေ့ငါတို့အတူအိပ်..." ဒါပေမဲ့ မက်ဒါနာက ဖရာလီတာရဲ့ပါးစပ်ကိုဖမ်းပိတ်လိုက်ပြီးပြောလိုက်တယ်။

"တော်တော့၊ အခုနင့်မိဘတွေအိမ် ပြန်ရောက်နေပြီမလား။ ကလေးက ကလေးလိုနေ၊ သူများတွေကြားကုန်ရင် ငါက နင့်ကိုယ်ကျင့်သိက္ခာတွေ တစ်စက်မှရစရာမရှိအောင် ဖျက်​ဆီးပစ်လိုက်ပြီထင်နေဦးမယ်။"

အင်းလေ၊ သာမန်သူကောင်းမျိုးမိန်းကလေးတစ်ယောက်က ဒီလိုသောက်တလွဲစကားတွေပြောမှာမှမဟုတ်တာ။ လီဆာကလည်း ဒီနေရာမှာတော့ မက်ဒါနာနဲ့သဘောထားအတူတူပဲ။

ဖရာလီတာကို တကယ်ရန်တွေ့တော့မယ့်အကြည့်နဲ့ကြည့်ရင်း အိမ်ခန်းအပြင်ပထုတ်ဖို့လုပ်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဖရာလီတာရဲ့ဖုန်းဝင်လာတယ်။

I just Wanna be Hero not HeroineWhere stories live. Discover now