ငါက သူရဲကောင်းဖြစ်ချင်ရုံပါ ဘာကိစ္စဒီလောက်တောင် ခက်ခဲနေရတာလဲ။
Chapter 2- တကယ့်ကောင် တင်မီမင်းလွင်အထက်တန်းကျောင်းတက်တော့ ပထမဆုံးရလာတဲ့ သူငယ်ချင်းက တင်မီ။
သူ့စွမ်းအားက လူတွေအာရုံစိုက်ခံရအောင်
လုပ်တာပဲ။ ဟိုးတုန်းက နာမည်ကြီးခဲ့တဲ့ ဒေးဗစ် ကိုပါဖီးလိုမျိုး မျက်လှည့်ဆရာဖြစ်ချင်လွန်းလို့ သင်တန်းတွေပြေးတက်ထားတာအမောပဲ။စင်စစ်မှာ တင်မီဟာ ကော်နဲ့ကပ်ထားတဲ့ ဖဲချပ်
အတွဲလိုက်ကို လက်ထဲမှာ ဟိုဖက်ဒီဖက် မြန်မြန် ပစ်တတ်ရုံပဲရှိတယ်။ မသိရင် ဖဲကိုင်ကျွမ်း
လွန်းလို့ အတွဲလိုက်လေးဖြစ်နေပြီပေါ့။ အမှန်က ယနေ့ခေတ်မှာ Youtubeသုံးသူမှန်သမျှ
လိုက်ကြည့်ပြီးလုပ်လို့ရတဲ့ ကလေးကွက်လေး
တွေပါပဲ။လောလောဆယ်တော့ တကယ့်ကောင်တင်မီက ကျောင်းပြောင်းလာတဲ့ ကောင်မလေးအသစ်ကို အထင်ကြီးအောင်လို့ မျက်လှည့်ပြ
ဖို့ကြိုးစားနေတယ်။ သိပ်ရိုးရှင်းပေမဲ့ နည်းနည်း
ခက်တယ်ထင်ရတဲ့ ဖဲချပ်ခန့်မှန်းတာပါ။ တကယ်တော့ တင်မီဖဲချပ်ကျောနောက်မှာ
လျှို့ဝှက်သင်္ကေတတွေပါပြီးသား။ ဒါတောင်
တကယ့်ကောင်တင်မီက အကုန်လုံးမမှတ်မိခဲ့
ဘူး။ နောက်ဆုံးမှာတော့ မင်းလွင်ကိုပါအကူ
ခေါ်ပြီး သူ့ဘေးမှာထိုင်၊ ဖဲချပ်တွေပြောပြစေ
တယ်။မင်းလွင်ကတော့ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကနဲ့
ပုံမှန်အတိုင်းပါပဲ။ လူက ခပ်ပိန်ပိန်၊ မျက်မှန်
ဝိုင်းဝိုင်းလေးတပ်ထားတယ်။ မဝတ်တတ် မစားတတ်။ ဆရာဝန်လောင်းကုတ်လိုဟာမျိုး
ကို တီရှပ်ပေါ်မှာ ထပ်ဝတ်ထားတယ်။ သူဟာ
တင်မီကိုမကြည့်ဘဲ အမေထည့်ပေးလိုက်တဲ့
ဆန်းဒဝပ်ကိုပဲ စားနေခဲ့တာ။"ကောင်းပြီ၊ အာ... ဖဲချပ်တွေကို ခန့်မှန်းရတယ်ဆိုတာ နည်းနည်းလက်ဝင်တဲ့အလုပ်ပဲ။ လူတစ်
ယောက်က တစ်နေ့မှာ အနည်းဆုံးရှစ်နာရီလေ့
ကျင့်ဖို့လိုတယ်။"တကယ့်ကောင်တင်မီကတော့ သူကြည့်ထားဖူးတဲ့ မျက်လှည့်ဇာတ်လမ်းထဲက ခပ်ပေါပေါဒိုင်ယာလော့တွေကို ရွတ်နေခဲ့တယ်။ ကျောင်းသူ
သစ်လေး ဆိုဖီယာကတော့ ကောင်းတယ်လဲမ
ပြော၊ ဆိုးတယ်လည်းမပြောဘူး။ လက်ထဲက
လိမ္မော်ရည်ကိုသာ အေးအေးဆေးဆေးသောက်နေခဲ့တယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...