ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 52 - ပန်ဒရာဂွန်လျှို့ဝှက်ချက်လီဆာလေးတစ်ယောက် မြို့ပြင်က တောအုပ်ထဲကို ဖြည်းဖြည်းချင်း တိုးဝင်နေတယ်။ ဖြစ်နိုင်ရင် ပိုမိုနက်ရှိုင်းတဲ့ တောနက်ထဲကို သူဝင်ပြီးတော့ ပျောက်ကွယ်သွားချင်တာ။
စကော့တလန် ဒါမှမဟုတ် ဝေးလ်ပြည်နယ်ကိုသွားပြီး အဲဒီက တောနက်ကြီးတွေထဲမှာ ပုန်းကွယ်နေပြီး လူသားတွေကို ရှောင်ရှားဖို့အတွက် သူဆုံးဖြတ်ထားမိတယ်။ သူတကယ်ပဲ သာမန်မိန်းကလေးအနေနဲ့ ကျောင်းဆက်တက်ချင်သေးပေမဲ့...
"ငါလိုလူသားစားတဲ့ သတ္တဝါတစ်ကောင်က လူတွေကြားထဲမှာ ရှိမနေသင့်ဘူး။" ဒီနက်ရှိုင်းတဲ့အတွေးစက သူ့နှလုံးသားထဲမှာ စူးရှစွာနစ်ဝင်နေတယ်။
ချောက်...
ရုတ်တရက် ဆိုင်ကယ်သံကြားတဲ့အတွက် လီဆာ အသံလာရာကို လှည့်ကြည့်လိုက်တယ်။ ထူးဆန်းတဲ့ ဂျာကင်ကိုဝတ်ထားတဲ့ အာရှသားလူငယ်လေးက သူ့ရဲ့တောင့တက်ပြိုင်ဘီးကိုသုံးပြီး သစ်တောထဲမှာ အရှိန်ပြင်းပြင်း မောင်းလာနေတယ်။
လီဆာက သာမန်လူတစ်ယောက် သူ့ကိုတွေ့မသွားစေချင်တဲ့အတွက်ကြောင့် တစ်နေရာရာမှာပုန်းနေဖို့ သူ့ရဲ့သားရဲ့ခန္ဓာကိုယ်ကြီးကိက ရွေ့လျားဖို့လုပ်လိုက်ပေမဲ့ အဲဒီဆိုင်ကယ်က သူ့ဆီကို ဦးတည်လာတာဖြစ်နေတယ်။
နောက်စက္ကန့်အနည်းငယ်ကြာတော့ လူငယ်က ဆိုင်ကယ်နဲ့ လီဆာရဲ့ပုတ်သင်ခန္ဓာကိုယ် ဝင်တိုက်ပစ်ပြီး လီဆာရဲ့ခန္ဓာကိုယ်က အကြေးခွံတချို့ကို ကြေမွသွားစေခဲ့တယ်။
လီဆာသတိဝင်လာတော့ သူ့ခန္ဓာကိုယ်က အားနဲ့ဝင်တိုက်တဲ့ ဆိုင်ကယ်ကြောင့် လွင့်ထွက်နေပြီဖြစ်ပြီး သစ်ပင်တစ်ပင်နဲ့ဝင်ဆောင့်တယ်။ သစ်ပင်က သူ့ရဲ့ပုတ်သင်ပုံစံအပြည့်ရဲ့အရှိန်ကြောင့် နှစ်ပိုင်းကျိုးကျသွားတယ်။ ဆိုင်ကယ်ကလည်း အခြေအနေမဟန်ဘူး။ ရှေ့ဘီးက ဝင်ရိုးကနေပြုတ်ထွက်သွားပြီး လူရောဆိုင်ကယ်ပါ တစ်ကွဲစီလွင့်ထွက်သွားတယ်။
လီဆာရဲ့မျက်လုံးထောင့်ကနေ နဖူးက သွေးတွေစီးကျနေတဲ့ လူငယ်တစ်ယောက်ကို မြင်နေရတယ်။ ဒီလူငယ်က သူ့ဒဏ်ရာတွေကို ဂရုမစိုက်ဘဲ ချက်ချင်းကုန်းထလာပြီး ဆေးထိုးပြွန်တချို့ကိုဆုပ်ကိုင်ကာ သူ့ပေါင်ကိုယ်သူ ထိုးလိုက်တယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...