V3 Chapter 11

192 24 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 11 - ဒေါက်တာမြူပြေးပြီ

အဲဒီနောက်တော့ ဒေါက်တာမြူရဲ့ခန္ဓာကိုယ်က အားလုံးရဲ့ရှေ့မှာပဲ ပုံရိပ်တစ်ခုလို ဝေဝါးပျောက်ကွယ်သွားတယ်။

ဒါကြောင့် တိုကျိုအစည်းအရုံးအထူးအေးဂျင့်တွေအပါအဝင် ဥစာကီကိုယ်တိုင်လည်း အံ့ဩသွားလေရဲ့။ ဒီလူက သူတို့ရှေ့မှာ လွန်ခဲ့တဲ့ စက္ကန့်ပိုင်းတုန်းက ရှိနေခဲ့ပေမဲ့ အခုတော့ လေလိုပဲ ပျောက်ကွယ်သွားခဲ့ပါပြီ။

"သတိမလွတ်နဲ့... သူချောင်းပြီးတိုက်နိုင်သေးတယ်။"

ဝါရင့်အေးဂျင့်တစ်ယောက်က သတိပေးလိုက်တဲ့အတွက် တခြားသူတွေလည်း သတိရှိရှိဖြစ်ကုန်တယ်။ ဟန်မပျက်ရှိနေသေးတဲ့သူဆိုလို့ ကိုင်းတိုတစ်ယောက်သာ ရှိပါတယ်။ သူက အရူးတွေလိုမျိုး ဘေးပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်နေတဲ့ ဟီးရိုးတွေကို ပြောလိုက်တယ်။

"ရှာမနေတော့တော့၊ သူထွက်ပြေးသွားပြီ။ Dr.Mist က ဘယ်တော့မှမနိုင်တဲ့တိုက်ပွဲကို မတိုက်တတ်ဘူး။ ဒီမှာ S rankတစ်ယောက်နဲ့ A rank တစ်ဒါဇင်နီးပါးလောက်ရှိနေတာ။ ရူးနေတဲ့လူတောင် သူရှုံးမယ်မှန်းသိတယ်။"

တခြားတစ်ဖက်မှာတော့ ဓားနတ်ဆိုးရဲ့ဓားက မြေပေါ်ကို ပြုတ်ကျသွားခဲ့ပါပြီ။ ငွေရောင်စစ်သည်​က သူ့ဓားနဲ့ ဓားနတ်ဆိုးရဲ့လည်ပင်းကို ထောက်ထားလိုက်တယ်။

"မင်းရှုံးပြီ..."

ဓားနတ်ဆိုးက မက်ဒါနာရဲ့ဓားဆန္ဒနိုးထလာချိန်မှာတောင် ကောင်းကောင်းယှဥ်ချနိုင်ခဲ့ပြီး နောက်ဆုံးအချိန်အထိ အလျှော့မပေးခဲ့ပါဘူး။ သူက အသက်ကို ပြင်းပြင်းရှူရင်း ပြောလိုက်တယ်။

"လွန်ခဲ့တဲ့ရှစ်နှစ်က ငါကလေးတစ်ယောက်ကို ရှုံးခဲ့တယ်၊ အခုတော့ စစ်သည်တစ်ယောက်ကို ထပ်ရှုံးသွားပြီး အရင်က ငါ့ကိုနိုင်သွားတဲ့ကလေးက ငါ့ကို လှည့်တောင်မကြည့်တော့ဘူး။"

ဥစာကီက စရောက်လာလာချင်းမှာ ဒေါက်တာမြူကို တိုက်ခိုက်ခဲ့ပြီး ဒေါက်တာမြူထွက်ပြေးသွားတဲ့အထိ ဓားနတ်ဆိုးကို လှည့်မကြည့်ခဲ့ပါဘူး။ အခြား တိုကျိုအထူးအေးဂျင့်တွေကလည်း သူ့ကိုဂရုမစိုက်ကြဘူး။

I just Wanna be Hero not HeroineWhere stories live. Discover now