ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 2 - Silver Knight၊ ထူးခြားတဲ့လူလားအသွားတုန်းက ခွေးစက်ရုပ်ကြီးကို စီးပြီးသွားခဲ့ပေမဲ့ ပြန်တဲ့အခါမှာတော့ မက်ဒါနာဟာ သူ့ခွေးကြီးကို ထမ်းပြီးပြန်လာခဲ့ရတယ်။ ပေါင်က ဟိုက်ဒေါလစ် suspension စနစ်တစ်ခု ကျိုးသွားတဲ့အတွက်ကြောင့် လမ်းလျှောက်မသွားနိုင်တော့ဘူး။
သူရဲကောင်းကြီး အထုပ်ထမ်းပြန်လာတဲ့အတွက် ရဲတွေအကုန်လုံး ပါးစပ်အဟောင်းသား။ ငွေရောင်စစ်သည်ဟာ သူ့ကိုကြောင်ကြည့်နေတဲ့ ရဲအရာရှိလင်ဒါကို လက်ဝါးထောင်ပြလိုက်တယ်။
"စိတ်မကောင်းပါဘူး၊ ငါရှုံးသွားတယ်။"
လင်ဒါကတော့ အံ့ဩမှုကို အတင်းထိန်းချုပ်နေရတဲ့ မျက်နှာနဲ့ ပြန်ဖြေပါတယ်။ ဘာကြောင့်မှန်းမသိ မျက်နှာက တောင့်တောင့်ကြီးဖြစ်နေတယ်။
"ဟိုဗီလိန် လေပေါ်ပျံတက်သွားကတည်းက ရှင်အရိုက်ခံလာရမှန်း ကျွန်မသိပါတယ်၊ ဆာ။"
လင်ဒါရဲ့လက်ထောက်တွေဖြစ်တဲ့ ကလောက်နဲ့ကယ်ဗင်တို့ကတော့ ပွတ်လောရိုက်နေကြတယ်။ "မဖြစ်နိုင်တာ၊ Silver Knightက အစည်းအရုံးဌာနမှူးကလွဲရင် အားအကောင်းဆုံးဟီးရိုးမဟုတ်လား။" တခြားရဲတပ်ဖွဲ့ဝင်တွေလည်း အတူတူပါပဲ။
ရဲမှူးစလေဒင်ကတော့ ကောင်းကင်ကြီးကို မော့ကြည့်ရင်း နှုတ်ဆိတ်နေတယ်။ သူ့ကြည့်ရတာတော်တော် စိတ်ဆင်းနေပုံပေါ်တယ်။ ရက်သတ္တပတ် အနည်းငယ်အတွင်း အဆင့်မြင့်ဗီလိန်နှစ်ယောက် လာတိုက်တာခံရတဲ့မြို့က ဘယ်ရဲမှူးမဆို အခုလိုပဲ တွေးမှာလေ။ ပြောရရင် NYPDက ကမ္ဘာပေါ်မှာ ဘားဂျက်အများဆုံးရတဲ့ ရဲတပ်ဖွဲ့ပါ။ သူတို့ဘားဂျက်က နိုင်ငံငယ်လေးတစ်နိုင်ငံရဲ့ စစ်ရေးအသုံးစရိတ်နဲ့ အတူတူလောက်ပါပဲ။
ဒါပေမဲ့ တကယ့်ဗီလိန်တွေနဲ့ ရင်ဆိုင်ရချိန်မှာတော့ ဘာဆိုဘာမှ အသုံးမဝင်ခဲ့ဘူး။
မက်ဒါနာ အိမ်ပြန်ရောက်တော့ ခြံဝင်းထဲရောက်နေတဲ့ တီတီလေးနဲ့အေမီကို အရင်ဆုံးတွေ့လိုက်တယ်။ ၂၄နာရီ မပြတ်မူးနေတဲ့ အိမ်ပိုင်ရှင်သမီး ဆရာဝန်မလည်းရှိတယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...