Chapter 13

386 51 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 13- လိုင်စင်မဲ့တော့ ဘာဖြစ်လဲ

ဒီရက်တွေမှာ မက်ဒါနာဟာ သူ့ရဲ့ဝတ်စုံကို ပြန်လည်ပြုပြင်မွမ်းမံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လေဟာနယ်ဓာတ်ငွေ့ပိုက်လိုင်းတွေကို ပိုကောင်းအောင်လုပ်ခဲ့ပြီး အပူကာစနစ်ကိုလည်း ထည့်သွင်းခဲ့တယ်။ ပြီးတော့ ခိုင်ခံမှုအရာမှာ အကျော်ကြားဆုံးဖြစ်တဲ့ ဇက်သတ္တုစပ်ရည်လည်း စိမ်ခဲ့ပါသေးတယ်။ တစ်လက်စတည်း ဇက်သတ္တုစပ်ရည်စိမ်ထားတဲ့ နှစ်ဖက်သွားဓားပြားကြီးတစ်လက်ကိုပါ ပြုလုပ်ခဲ့တယ်။

Silver Knightလို့ သူကိုယ်တိုင်နာမည်ပေးထားတဲ့ဝတ်စုံမှာ C- အဆင့်တစ်ယောက်ရဲ့ စွမ်းအားမျိုးရှိပေမဲ့ ဘာလက်နက်မှမပါသေးဘူး။ အားအနည်းဆုံး C- မြူတန့်တစ်ယောက်တောင် အဲဒီဝတ်စုံကို အနိုင်ယူနိုင်တယ်။ ဒါကြောင့်လက်နက်တစ်ခုလိုပါတယ်။ ပြဿနာက မက်ဒါနာမှာ သေနတ်ဝယ်ဆင်ဖို့အတွက် ပိုက်ဆံမရှိဘူး။ ဒီတော့ ရှေးခေတ်ဟောင်းလက်နက်တစ်ခုကိုပဲ သွန်းလုပ်ဖို့ဖြစ်လာတယ်။

တနင်္လါနေ့ညက ဇက်သတ္ထု​ရည်စိမ်ထားတဲ့ ပစ္စည်းတွေကို အမှိုက်ပုံကနေ သွားကောက်လာတာပါ။ ဇက်သတ္ထုဟာ အင်မတန်ရှားပါးပြီး ပြုလုပ်ဖို့နည်းပညာလည်း ရှုပ်ထွေးပါတယ်။ လကမ္ဘာပေါ်မှာသာထွက်တဲ့ သတ္ထုအသစ်တစ်မျိုးဖြစ်ပြီး သာမန်စတီးတွေထက် အဆနှစ်ဆယ်လောက်ခိုင်ခံကာ သံနဲ့ကြေးနီထက်လည်း ပုံသွင်းရကောင်းတယ်။ မက်တယ်ပလာဒင်ရဲ့ဝတ်စုံဟာ ဇက်သတ္ထုအပြည့်ဝတ်စုံပါ။ မက်ဒါနာကတော့ ကုပ်လောင်းရုံပဲတတ်နိုင်တယ်။ စွန့်ပစ်မြေတစ်ခုလုံးကို လိုက်ရှာပြီးတာတောင်မှ သတ္တုရည်စိမ်ထားတဲ့ပစ္စည်းအနည်းငယ်ကိုပဲ ရှာတွေ့တာပါ။ ဒါတောင်ကံကောင်းလို့ပါ။ ပုံမှန်အားဖြင့် သတ္ထုရည်စိမ်ထားပြီးသား ဇက်သတ္ထုတွေကို ပြန်ခွာယူဖို့က လွယ်လှတာမဟုတ်ဘူး။ ဒါပေမဲ့ အသစ်ရလာတဲ့ Techno-Telekinessနဲ့ Superhuman IQတို့က အများကြီးကူညီနိုင်ခဲ့တယ်။ မက်ဒါနာဟာ ဘယ်သူမှမသိသေးတဲ့ ဇက်သတ္ထုခွာယူနည်းကို ဖော်ထုတ်နိုင်ခဲ့သူဖြစ်လာလို့ပါ။

ဒါပေမဲ့ ဓားကိုသွန်းလုပ်ပြီး ဇက်သတ္ထုရေစိမ်ပြီးတဲ့နောက် ဝတ်စုံအတွက်အပြည့်အဝသတ္ထုရေစိမ်လို့မရခဲ့ဘူး။ ဒါကြောင့် ဇက်သတ္ထုစပ်ကို နောက် ထပ်သတ္ထုတွေထပ်ရောပြီး ပြင်းအားလျှော့သုံးခဲ့ရတယ်။ နဂိုကတည်းက လူတွေသုံးနေတဲ့ ဇက်သတ္ထုစပ်မှာ ဇက်သတ္ထုစစ်စစ်ပမာဏ နည်းနည်းလေးပဲပါတာပါ။ ခဲမဖြူ၊ အဖြိုနက်လို တခြားသတ္ထုတွေကို ရောစပ်ပြီးတော့မှ အသုံးပြုကြတာပါ။
ရှားပါးလွန်းလို့ဖြစ်တယ်။

I just Wanna be Hero not HeroineWhere stories live. Discover now