V4 Chapter 2

111 17 0
                                    

ငါက သူရဲကောင်း​ဖြစ်ချင်ရုံပါ
V4 Chapter 2 - ဒိတ်ကိုနှောင့်ယှက်မယ်

မက်ဒါနာ တိုကျိုဟီးရိုးအစည်းအရုံးထဲကို ဝင်ပြီးတဲ့နောက် သူ့ချပ်ဝတ်ကိုချွတ်လိုက်ပြီး ရုံးခန်းထဲဝင်လိုက်တယ်။ ဒါပေမဲ့ ဥစာကီက အခန်းထဲမှာ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့ တစ်ခုခုကို တွေးပူနေပုံရပြီး မက်ဒါနာကို ဂရုမစိုက်နိုင်သေးဘူးရယ်။

သေချာပေါက် အိမ်ပေါ်ကဆင်းသွားတဲ့ သူ့ညီမလေးကို တွေးပူနေတာနေမှာ။ မိရိုင်လေးက ငှက်ဖြစ်သွားတဲ့ သူ့ဆရာနောက်ကိုလိုက်နေတာ။ ဥစာကီကလည်း မိရိုင်နောက်ကိုလိုက်ဖို့ လူတွေလွှတ်လိုက်ပေမဲ့ အားလုံးနီးပါးက ကလေးမလေးနှစ်ယောက်လှည့်စားတဲ့ဒဏ်ကိုခံရပြီး ​အချုပ်ကျတဲ့သူကကျ၊ ဆေးရုံရောက်တဲ့သူက ရောက်နဲ့။

"မဖြစ်သေးဘူး... ဒီတိုင်းဆို ငါကိုယ်တိုင်သွားရမလားပဲ။"

မက်ဒါနာလည်း ဥစာကီသတိထားမိအောင်လို့ သူ့ရှေ့သွားပြီး မျက်နှာရှေ့လက်ယမ်းပြလိုက်တယ်။

"အာ... အစ​ည်းအရုံးခေါင်းဆောင်၊ ကျွန်မရောက်ပြီ။"

ဒီလိုပြောလိုက်မှ အခန်းထဲခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့ ဥစာကီရဲ့ခြေလှမ်းတွေရပ်သွားပြီး ရှေ့မှာ လာရပ်နေတဲ့သူကို ကြည့်လိုက်တယ်။ ပထမဆုံး မက်ဒါနာရဲ့ရင်ဘတ်က နက်တိုင်နဲ့ကျောင်းတံဆိပ်အတု၊ ပြီးတော့ မက်ဒါနာရဲ့မျက်နှာကို မော့ကြည့်တယ်။

"အား...ဟီးရိုးကျောင်းကနေ အချိန်ပိုင်းအလုပ်လာလုပ်တဲ့ ယာယီအတွင်းရေးမှူးအသစ်လား၊ ဟီးရိုးရုံးအဝင်ဝမှာ ဝန်ထမ်းကတ်နဲ့ဆိုင်းအင်ဝင်ပြီးရင် အလုပ်စဆင်းလို့ရပြီလေ။"

"....." ငါးစက္ကန့်လောက် စွန့်အသွားပြီးတဲ့နောက် မက်ဒါနာ အသံကျယ်ကြီးနဲ့အော်ပြီး ဥစာကီရဲ့ပခုံးကိုကိုင်ကာ လှုပ်နှိုးမိတော့တာပဲ။

"ဥစာကီ၊ မတ်တပ်ကြီးလမ်းလျှောက်ပြီး အိပ်နေတာရပ်လိုက်တော့။ နင်ငါ့ကိုတောင် မမှတ်မိတော့ဘူးလား။" မဖြစ်တော့ဘူး၊ နီဟွန်းရဲ့S rankကြီးက ညီမအတွက်တွေးပူလွန်းလို့ ဒီလောက်ရင်းနှီးတဲ့ လူတစ်ယောက်ကိုတောင် မမှတ်မိတော့ဘူးတဲ့။

I just Wanna be Hero not HeroineWhere stories live. Discover now