ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 9 - VR လောကထဲဝင်မည်နောက်တစ်နေ့မနက်ရောက်တော့ မက်ဒါနာလည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်နေရပြီ။ ဒီနေ့က VR စနစ်ကိုသုံးပြီး ဗီလိန်တွေရဲ့မြေအောက်အင်တာနကထဲကို
ဝင်ဖို့ စီစဥ်ထားတဲ့နေပါ။မက်ဒါနာက အေမီကိုပါ သူနဲ့အပါခေါ်ဖို့ပြင်ဆင်ထားပြီး VR မျက်မှန်အပိုတစ်ခုပေးလိုက်တယ်။
"မမလေးက ကျွန်မကိုပါ လိုက်စေချင်တာလား။ မမလေးက ကျွန်မကို သွေးသောက်ရဲဘော်တစ်ယောက်လို ယုံတယ်ပေါ့နော်။" မမလေးမက်ဒါနာက သူ့ကိုအားကိုးတယ်ဆိုတဲ့ခံစားချက်ကြောင့် အေမီတစ်ယောက်ပျော်လွန်းလို့ ငိုမိတော့မယ်။ ဒါပေမဲ့ မက်ဒါနာ နောက်ထပ်ပြောလိုက်တဲ့စကားကြောင့် ဒေါသထွက်ပြီး စားပွဲခုံကို မှောက်ပစ်လုနီးပါးပဲ။
"တကယ်တော့... အဲဒီလိုမလုပ်ဘူး။ Dark Web ဆိုတာကြီးက သီးသန့်လင့်တွေနဲ့ပြည့်နေပြီး လိုချင်တဲ့ အချက်အလက်တစ်ခုကို Google ခေါ်ပြီးရှာလို့မရတဲ့နေရာလေ။ ဒီတော့နင့်ကို Dark Webတစ်ခုလုံးကို Scan ဖတ်ခိုင်းမလို့။"
"....." အေမီတစ်ယောက် စက္ကန့်ပိုင်းလောက်အထိ တိတ်ဆိတ်သွားပြီးနောက် ဒေါသတွေအပြည့်နဲ့ ပေါက်ကွဲသွားတော့တာပဲ။
"ဘာ... မမလေးက ကျွန်မကို Google အစားထိုးလုပ်ခိုင်းမလို့ပေါ့။ တစ်ယောက်တည်းမသွားဘဲ ကျွန်မကို အတူတိုက်ပွဲဝင်မယ့် ရဲဘော်တစ်ယောက်လို မြင်ထားတယ်ထင်ခဲ့တာ။
အေမီက မက်ဒါနာနဲ့ရင်ဘောင်တန်းပြီး တိုက်ခိုက်ရတဲ့လူတစ်ယောက် အမြဲဖြစ်ချင်ခဲ့တာပါ။ မက်ဒါနာကတော့ ဘယ်တုန်းကမှ အဲဒီလိုသဘောမထားခဲ့ဘူးလေ။ ဒါပေမဲ့ မက်ဒါနာက အေမီလုပ်ရမယ့်တာဝန်တွေကို ရှင်းပြပြီးနောက်မှာတော့ ထပ်စိတ်ပြောင်းသွားတယ်။
"Dark Webဆိုတာက သပွတ်အူလိုက်နေတဲ့ လျှို့ဝှက် Linkတွေနဲ့ပြည့်နေတာလေ။ ငါ့မှာ Technotelekinesisရှိတယ်ဆိုပေမဲ့ ရလာတဲ့အချက်အလက်အားလုံးကို စီစစ်ဖို့မဖြစ်နိုင်ဘူး။ ဒီတော့ နင်က ငါ့ရလာမယ့်အချက်အလက်တွေကို ကူစီစစ်ပေးရမှာ။ ပြောရရင် ကူဖော်လောင်ဖက်ဆိုပေမဲ့ ငါ့ဘေးနားမှာနေပြီး အတူတိုက်ခိုက်ရမှာနဲ့အတူတူပဲလေ။"
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...