V2 Chapter 24

218 39 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 24 - နယ်စားမင်းသမီးရဲ့မိန့်ခွန်း

ဒီနေ့​က မိန့်ခွန်းပြောရမယ့် နေ့ကလေးပါ။

ပြောရရင်တော့ မက်ဒါနာမရောက်ချင်ဆုံး နေ့ကလေးပေါ့။ ဒါပေမဲ့လည်း အချိန်ဆိုတာက ခက်သားရယ်။ ဘဝဆိုတာက ဇာတ်လမ်းကြည့်သလိုမျိုး ကိုယ်မဖြတ်သန်းချင်တဲ့ အချိန်တွေ​ကို ရစ်လိုက်လို့ရတာမျိုး မဟုတ်ဘူးလေ။

အဝတ်လဲခန်းထဲမှာတော့ မက်ဒါနာလေးကို စူးရှတဲ့မျက်လုံးတွေနဲ့ ပြုံးပြုံးကြီးစိုက်ကြည့်နေတဲ့ အိမ်စေမလေးတွေက ဝိုင်းရံထားကြတယ်။ ဆုဗာနာအိမ်စေမလေးတွေက သူတို့ဆိုင်ရာလူမျိုးအပေါ်မူတည်တဲ့ ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားကြတာပါ။

ဗမာမလေးတွေက ဆံထုံးနဲ့ရင်ထိုးကို ဝတ်ဆင်ထားကြချိန်မှာ မန်တရုတ်လူမျိုးမလေးတွေကတော့ မန်ချူးရိုးရာ ပိုးဝတ်စုံလေးတွေနဲ့ပေါ့။ အိ​န္ဒိယမြောက်ပိုင်းသူလေးတွေကတော့ ဆာရီလေးတွေကိုယ်စီနဲ့။

"မမလေးက တော်ဝင်ဝတ်စုံနဲ့လိုက်ဖက်လိုက်တာ၊ တကယ်မင်းသမီးလေးကျနေတာပဲ။"

"အသားလေးကလည်း နှင်းပွင့်လေးတွေလို ဖြူနေတာပဲနော်။ ပြီးတော့ ဒီနေရာလေးကရော အစစ်လားဟင်။"

မက်ဒါနာတစ်​ယောက် အသားလွတ်နေရင်း ဟိုကိုင်ဒီကိုင် ခံနေရတာကြောင့် ဒီအိမ်စေတွေက သူ့ကိုမင်းသမီးဝတ်စုံ ခြုံပေးနေတာမဟုတ်ဘဲ တမင်အသားယူနေကြတယ်လို့တောင် ထင်လာကြပြီ။

အခုလည်းကြည့်ဦးလေ၊ မန်ချူးမလေးတစ်ယောက်ဆိုရင် မက်ဒါနာ့လက်မောင်းကို သူ့ပါးနဲ့အပ်ပြီး ပွတ်နေတာ။ သူခွဲစည်းထားတဲ့ မန်ချူးဆံထုံးလေးနှစ်ခုက လျှံထွက်နေတဲ့ဆံစလေးတွေစူးလို့ မက်ဒါနာရဲ့အသားတွေတောင် နီရဲနေပြီ။

​ဗမာဝတ်စုံနဲ့ကောင်မလေးနှစ်ယောက်ကတော့ မက်ဒါနာ့ဆံပင်ကို မြင်းမြီးပုံစံစည်းပေးနေကြတယ်။ ကံကောင်းတာက မက်ဒါနာရွေးထားတဲ့ဝတ်စုံက ပုဂံခေတ်ဝတ်စုံပုံဖြစ်ပြီး အင်းဝခေတ်ပုံစံမဟုတ်ဘူး။ ဒီတော့ မြိတ်လွတ်တို့၊ ခရုချောင်တို့လိုမျိုး သိပ်ခက်တဲ့ ဆံပင်ထုံးဖွဲ့ပုံမျိုးနဲ့ မကြုံခဲ့ရဘူး။

I just Wanna be Hero not HeroineWhere stories live. Discover now