ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 43 - အသားစားပန်းဘုရင်မမက်ဒါနာက တစ်စုံတစ်ခုကို ချုပ်နှောင်ထားပုံပေါ်သည့် နတ်သမီးထောင်ချောင်ပင်နှစ်ခုကို ဓားဖြင့်ခုတ်ချလိုက်ရာ ကျောင်းမှဆရာနှစ်ယောက် ပြုတ်ကျလာသည်။ နှစ်ယောက်လုံး၏ခန္ဓာကိုယ်များက ထိခိုက်နေပြီး ဆက်လက်တိုက်ခိုက်နိုင်တော့မည့်ပုံမပေါ်ပေ။
"လီဆာ ဘယ်မှာလဲ။" မက်ဒါနာက အချိန်ဆွဲမနေဘဲ မေးလိုက်သည်။ ဆရာအာသာကတော့ ငွေရောင်ချပ်ဝတ်နှင့် သူရဲကောင်းက သူတို့တပည့်ကို သိနေသည့်အတွက် အလွန်အံ့ဩနေပြီး ဘာမှပြန်မဖြေနိုင်လောက်အောင် ဆွံအနေ၏။
"ငါ့မှာ အချိန်မရှိဘူး။" မက်ဒါနာက ဆယ်မိနစ်တောင် မပြည့်တော့သော ဓာတ်ငွေ့ကာမျက်နှာဖုံးကြာချိန်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"သူကျောင်းဆောင်ထဲကို ပြေးဝင်သွားတယ်။ ငါသူ့ကို အနောက်ဖက်ဂိတ်ကနေ ထွက်သွားခိုင်းခဲ့တာ။" ဆရာအာသာ၏စကားကြောင့် မက်ဒါနာခေါင်းညိတ်လိုက်ပြီး ကျောင်းဆောင်ရှိနိုင်သည့်နေရာသို့ မျက်နှာမူလိုက်သည်။ ထို့နောက်....
"မင်းတို့ဒီကနေ အမြန်ထွက်သွားသင့်တယ်... ဓာတ်ငွေ့တွေက မင်းတို့ကို အိပ်ငွေ့ချပစ်နိုင်သလို ကယောင်ချောက်ချားလည်း ဖြစ်စေနိုင်တယ်။ အချိန်ကြာလေ အန္တရာယ်ရှိလေပဲ။"
ဆရာအာသာတို့က မက်ဒါနာကို ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်းပင် ဂိတ်တံခါးရှိခဲ့သောနေရာထံသို့ ပြေးသွားကြသည်။ သူတို့က မိုက်ရူးရဲဆန်ပြီး အတွင်းမှကျောင်းသားများကို ကယ်ရန်မကြိုးစားခဲ့ပေ။ ထို့အစား အပြင်ဖက်မှ အင်အားစုများကို အကူအညီတောင်းပေလိမ့်မည်။
မက်ဒါနာကတော့ ဓားကြီးကိုထမ်းလိုက်ရင်း ယခုအခါတွင် သစ်နွယ်များ လုံးဝဖုံးလွှမ်းနေပြီဖြစ်သော ပင်မကျောင်းဆောင်ကြီးကို ကြည့်လိုက်သည်။ မသိရင် နှစ်တစ်ရာလောက် စွန့်ပစ်ခံထားရသလိုလို။
ထို့အပြင် မက်ဒါနာဆရာနှစ်ယောက်ကို လွှတ်ပေးလိုက်ချိန်မှစ၍ သစ်တောတစ်ခုလုံးက ပုံမှန်ထက် တိတ်ဆိတ်သွားပြီး လုံးဝကို ပုံမှန်မဟုတ်တော့ပေ။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...