V4 Chapter 25

120 12 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 25 -

ထောင်တံခါးဝပွင့်လာသည့်အတွက်ကြောင့် အဖမ်းခံထားရသည့် ဟီးရိုးများမှာ အလိုလိုခေါင်းမော့ကြည့်လိုက်မိကြသည်။ သူတို့ကို ဖမ်းထားသည်မှာ နာရီအနည်းငယ်ခန့်ရှိပြီဖြစ်ပြီး မည်သည့်တာဝန်ရှိသူမှ လာမတွေ့ကြသေးသဖြင့် အချို့စိတ်မခိုင်သည့်ဟီးရိုးများမှာ ရူးသွပ်လုနီးနီးပင်ဖြစ်နေကြလေပြီ။

ဟီးရိုးအများအပြားကို ချုပ်ထားသည့် ထောင်အတွင်းဝင်လာသူမှာ အခြားသူတစ်ယောက်မဟုတ်ဘဲ လေဆာအိုင်းဖြစ်နေသည့်အတွက် ဟယ်ရီအတော်လေး ဒေါသထွက်သွားမိ၏။

"လေဆာအိုင်း... မင်းက ဟီးရိုးအချင်းချင်းလုပ်ရဲတယ်ပေါ့။" တခြားဟီးရိုးများကလည်း လေဆာအိုင်းကို လူသတ်ချင်သည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

သို့သော်လည်း သူတို့စွမ်းအားများကို နည်းပညာမြင့်လည်ပတ်များက ချုပ်နှောင်ထားသည့်အတွက် အော်ဟစ်ရန်စရုံမှလွဲပြီး သူတို့လုပ်နိုင်တာ အခြားမရှိပါ။

လေဆာအိုင်းနောက်တွင်တော့ ပန်းရောင်ဖန်သားပါသည့် ဆိုင်ကယ်စီးလေဆာမျက်မှန်ဝတ်ထားသော မိန်းကလေးတစ်ယောက်လိုက်ပါလာသည်။ နီညိုရောင်ဆံသား၊ ရှည်မျောမျောမျက်နှာနှင့် အများဆုံး ဆယ့်ခြောက်နှစ်ခန့်သာ ရှိဦးမည်ဖြစ်ပြီး လမ်းတစ်လျှောက် သံကြိုးတပ် သတ္တုဆူးလုံးကြီးတစ်ခုကို တရွတ်တိုက်ဆွဲလာ၏။

လေဆာအိုင်းက ဟယ်ရီကိုချုပ်ထားသော လှောင်ချိုင့်နားတွင်ရပ်လာပြီး ဆောင့်ကြောင့်ထိုင်ချကာ ပြောလိုက်လေသည်။

"ဌာနတူဟီးရိုးချင်းဟုတ်လား။ မင်းတို့နဲ့အတူတူ ငါအလုပ်လုပ်တုန်းက မင်းတို့တွေငါ့ကို လူလိုသူလို ဆက်ဆံခဲ့လို့လား၊ မင်းတို့ဟီးရိုးတွေ သောက်တလွဲလုပ်သမျှ ငါဗြောင်လိမ်ပေးခဲ့ရတာပဲလေ။ မင်းတို့မလိုချင်တော့တဲ့အချိန်ကျတော့ ငါ့ကို ဘာမှမဟုတ်သလိုမျိုး ကန်ထုတ်လိုက်တာပဲမဟုတ်ဘူးလား။"

ထိုစကားကို ဟယ်ရီမငြင်းနိုင်ပါ။ ယနေ့အချိန်အထိ နယူး​ယောက်ဟီးရိုးအစည်းအရုံးတွင် တစွတ်ထိုးများ၊ ကိုယ့်တာဝန်ကိုယ်မသိသူများ၊ သတ္တိမရှိသူရဲဘောကြောင်သူအများအပြား ရှိနေခဲ့ပြီး အမှန်တကယ် အသိစိတ်ဓာတ်ရှိသည့် ဟီးရိုးကတော့ အလွန်နည်းပါးသည်။

I just Wanna be Hero not HeroineWhere stories live. Discover now