V4 Chapter 41

92 9 4
                                    

ငါ​က သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 41 - သေမင်းဝင်္ကပါ

နွယ်ရှင်ပင်တော်တော်များများက အတော်လေးပျော့တာကြောင့် သူတို့အနိုင်ရှင်းနိုင်ကြသေးပေမဲ့ မှိုစွဲနေတဲ့ အရိုးမျက်နှာအုပ်စု ရောက်လာတဲ့အချိန်ကနေစပြီး တိုက်ပွဲအ​ခြေအနေက တစ်မျိုးပြောင်းသွားပါတယ်။

ငွေရောင်စစ်သည်တော်က သူ့ရှေ့ရောက်လာတဲ့ မှိုအရိုးမျက်နှာကို ဓားနဲ့ခုတ်လိုက်ပေမဲ့ လင်ဇီးမှိုပွင့်ကြီးတွေလို အထပ်လိုက်ဖြစ်နေတဲ့ မှိုချပ်ပြားကြီးတွေကို သူ့ဓားက မတိုးပါဘူး။

"ဘာ... ဇက်သတ္တုဓားတောင်မတိုးဘူး။"

ဇက်သတ္တုက ကမ္ဘာပေါ်မှာအခိုင်မာဆုံးသတ္တုပါ။ ဇက်သတ္တုဓားကို ဇက်သတ္တုချပ်ဝတ်ကပဲ တားနိုင်သင့်တယ်။ ဒါပေမဲ့ အခုတော့ဒီအရိုးမျက်နှာတွေပေါ်​က သာမန်မှိုပွင့်တွေက တားဆီးနိုင်စွမ်းရှိနေပါတယ်။

[တွက်ချက်နေပါသည်... မှိုချပ်ဝတ်၏ပွပြီးထူထဲသည့် တည်ဆောက်ပုံက ကူရှင်ကဲ့သို့အလုပ်လုပ်သည်။ ဇက်သတ္တု၏ထက်ရှမှုကို တိုက်ရိုက်မရင်ဆိုင်ဘဲ သက်ရောက်မှုကို လျော့ကျစေသည့်ပုံစံဖြင့် ခုခံပါသည်။]

ဝတ်စုံစနစ်က အကြောင်းအရင်းကို ချက်ချင်းပဲတွက်ချက်ပေးလိုက်တယ်။ ငွေရောင်စစ်သည်ထဲက မက်ဒါနာကတော့ ခေါင်းကိုခါယမ်းလိုက်ရင်း မြေဆွဲအားဓားရဲ့အလေးချိန်ကို တိုးပစ်လိုက်ပါပြီ။

"နင်တို့ကို ပိုင်းဖြတ်ပစ်မရမှတော့ ဖိသတ်ရသေးတာပေါ့။"

မြေဆွဲအားဓားရဲ့အလေးချိန်က ထရပ်ကားတစ်ခုစာဖြစ်လာပြီးတဲ့နောက် မှိုစွဲအရိုးမျက်နှာဟာ ဒူးထောက်ကျသွားတယ်။ မက်ဒါနာက သူ့ညာခြေထောက်ကိုမြှောက်ပြီး အားကုန်ကန်လိုက်တာကြောင့် အရိုးမျက်နှာလည်း အဝေးကိုလွင့်သွားတယ်။

ဒါပေမဲ့ ဒီနေရာမှာက အရိုးမျက်နှာတွေဒါဇင်နဲ့ချီပြီးရှိနေတာပါ။ ပြီးတော့ ထပ်ရောက်လာနေသေးတယ်။

"ငါတို့တွေ အားနည်းတဲ့အဖွဲ့ဝင်တွေကို ထားခဲ့တာမှန်သွားတယ်။ ဒီကူးစက်မှိုတွေက သူတို့ကိုကူးသွားရင် ပိုပြီးထိန်းမနိုင်သိမ်းမရဖြစ်ကုန်လိမ့်မယ်။"

I just Wanna be Hero not HeroineWhere stories live. Discover now