Chapter 28

293 40 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 28- ငါတို့ကြားက ကွာခြားချက်

မက်ဒါနာမနက်နိုးနိုးချင်း လင်ဒါ့ရဲ့အသံကို ရဲရေဒီယိုကနေ ကြားလိုက်ရတယ်။

"Silver Knight၊ ကောင်စုတ်။ နင်ငါ့သမီးလေးကို ဘာတွေကျွေးလိုက်တာလဲ။ တစ်နေကုန်မူးအန်နေပြီး အခုထိအိပ်ရာထဲလဲနေပြီ။ နင်လာရင် ငါနဲ့တွေ့မယ်။"

မက်ဒါနာကတော့ လီဆာတစ်ယောက် ဘာကြောင့်အစားမှားတဲ့လက္ခဏာတွေနဲ့ နေမကောင်းဖြစ်နေမှန်း နားကိုမလည်နိုင်ဘူး။ သူက ရိုးရိုးသာမန် ဂေါ်ဘီကြက်ဥကြော်နဲ့ထမင်းကို ကျွေးခဲ့ရုံလေးတင်ပါ။

ပိုပြီးဆိုတာက ရဲအရာရှိဟာ သူ့ကိုရဲရေဒီယိုကနေ လှမ်းအော်နေတာပါ။ ရဲရေဒီယိုဆိုတာက ဖုန်းပြောသလိုမျိုး နှစ်ယောက်ပဲကြားရတဲ့ဟာမျိုး မဟုတ်ဘူးလေ။ မြို့ထဲမှာရှိနေတဲ့ ကွင်းနယ်မြေရဲတွေအကုန်လုံး ကြားနေရမှာပါ။ အခုလောက်ဆိုရင် ရဲသားလေးတွေ သူတို့စခန်းမှူးနဲ့Silver Knightတို့ မနက်စာအတူချက်ပြီး ကလေးလေးတစ်ယောက်ကို ပျိုးထောင်ပေးနေတဲ့အကြောင်း သိသွားလောက်ပါပြီ။

မက်ဒါနာအတွက်တော့ အကြီးအကျယ်အရှက်ခွဲခံရတာပဲ။

...

လင်ဒါရဲ့ကွန်ဒို​တိုက်ခန်းကိုရောက်တော့ မျက်နှာမသာမယာဖြစ်နေတဲ့ လီဆာလေးကို ဧည့်ခန်းထဲက ဆိုဖာခုံပေါ်မှာမှီပြီး စောင်လေးခြုံလျက်သား ထိုင်နေတာတွေ့ရတယ်။

"မေမေ... ဘာလို့ကမ္ဘာကြီးက ချာချာလည်နေတာလဲဟင်။"

လီဆာရဲ့မျက်နှာလေးက အစိမ်းရောင်သန်းနေပြီ။ လင်ဒါကတော့ Silver Knightကိုမြင်တာနဲ့ ချက်ချင်းအော်ဟစ်နေတော့တာပဲ။

"ပြောစမ်းပါဦး၊ ရှင်ကလေးကို မဟုတ်တာတွေ ဘာတွေချက်ကျွေးလိုက်တာလဲ။ မနေ့က ကျောင်းမှာထိုးအန်ပြီး အထက်လန်အောက်လျှောဖြစ်နေတာ ခုထိမသက်သာသေးဘူး။ တစ်နေ့လုံးဆေးရုံမှာ ခုမှပြန်ဆင်းလာရတယ်။"

လင်ဒါပြောသလောက်ဆိုရင် လီဆာရဲ့ရောဂါက သေးတဲ့ပုံမပေါ်ဘူး။ မက်ဒါနာကတော့ သူ့ရဲ့သတ္ထုခေါင်းစွပ်ကြီးကိုကုတ်ရင်း စဥ်းစားလိုက်တယ်။

I just Wanna be Hero not HeroineWhere stories live. Discover now