V3 Chapter 22 - ကြားဖြတ်သတင်း

137 19 1
                                    

ငါက သူရဲကောင်း​ဖြစ်ချင်ရုံပါ
V3 Chapter 22 - ကြားဖြတ်သတင်း

တိုကျိုမှာ အသေးမ​လေးနဲ့မက်ဒါနာတို့ ရားမန်ဒိတ်လုပ်နေသလိုပဲ နယူးယောက်မှာတော့ လင်ဒါနဲ့ဟယ်ရီတို့က အလယ်အလတ်တန်းစား စားသောက်ဆိုင်လေးတစ်ဆိုင်မှာ ဘလိုင်းဒိတ်နေရလေရဲ့။

ဒါပေမဲ့ ဘာလို့ဘလိုင်းဒိတ်နေကြတာလဲ၊ လင်ဒါက မက်ဒါနာ့ကောင်မလေးလေ။ ပြောရမယ်ဆိုရင်တော့ မြေးချီချင်နေပြီဖြစ်တဲ့ လင်ဒါရဲ့ဟော့ရမ်းရမ်းအမေ၊
ကိုယ်တိုင်လည်း သန်းကြွယ်သူဌေးငယ်ငယ်လေးကို ဆွဲစိထားတဲ့ မေမေဂရီဂိုရီစီစဥ်ပါသည်ပေါ့။

"သမီးလေး၊ သမီးလည်း အသက်အစိတ်လောက်ဖြစ်နေပြီ။ သူများသားသမီးတွေ ဒီအရွယ်ဆို မြေးလေးတွေမွေးပေးနေပြီ။ ကောင်လေးက လူရည်မွန်​လေးပါ။ သမီးလေးသွားတွေ့ကြည့်လိုက်။"

လင်ဒါခင်ဗျာ သူ့မှာ ကြိုက်တဲ့ကောင်မလေးရှိနေပြီဆိုတဲ့အကြောင်း မေမေဂရီဂိုရီကိုပြောပြပေမဲ့ ထူးမခြားနား။

"ဘာ... သမီးက ကောင်မလေးတွေကိုကြိုက်တာ။ ဒါပေမဲ့ ကွေးတယ်ဆိုတာက မျိုးပွားနှုန်းကိုအားမပေးတဲ့အလုပ်သမီးရဲ့။ မြန်မြန်သွားတွေ့လိုက်စမ်းပါ။" ဒါပေမဲ့ လင်ဒါခင်ဗျာ အတတ်နိုင်ဆုံးကြိုးစားခဲ့ပါသေးတယ်။ မက်ဒါနာလေးက ငွေရောင်စစ်သည်ဆိုတဲ့အကြောင်း ပြောမပြခဲ့ပေမဲ့ ငွေရောင်စစ်သည်က အမေ့ချွေးမလေးဖြစ်ကြောင်း တတ်နိုင်သမျှနားဝင်အောင်ပြောပြခဲ့ပေမဲ့။

"တော်တိတ်၊ နင်တို့နှစ်ယောက် တိတ်တိတ်ပုန်းပေါင်းနေပြီး ကလေးမွေးစားထားမှန်း ငါသိတယ်အေ့။ ဟိုက ညည်းကိုတန်ဖိုးမထားလို့ပဲ ဆုဗာနာက မင်းသမီးလေးနောက် လိုက်သွားတာ။ အခုလောက်ဆို ကိုယ်ရံတော်ကြီးနဲ့မင်းသမီးလေး နှစ်ပါးသွားဇာတ်ကနေလောက်ပြီ။" မေမေဂရီဂိုရီရဲ့စကားလည်းဆုံးရော ဘာပြောရမှန်းမသိတော့တဲ့ လင်ဒါလည်းတအီအီနဲ့ ငိုမိပါလေရော။

ဟယ်ရီအတွက်လည်း အလားတူပဲလေ။ နယ်မှာနေတဲ့ အဖေအိုကြီးက အသိတစ်ယောက်ရဲ့သမီးနဲ့ အတင်းသွားဒိတ်ခိုင်းတော့တာပဲ။

"ငါ့သား၊ အသက်သုံးဆယ်နားလည်းကပ်နေပြီ။ အဖေ့ကို စိတ်ချမ်းသာစေချင်ရင် ချွေးမရှာပေးတော့။" တဲ့။ ဟယ်ရီဟာ ဟီးရိုးတစ်ယောက်အနေနဲ့ ရုန်းကန်နေရတာမလို့ အချစ်ရေးစိတ်မဝင်စားခဲ့ဘူး။ ဒီတော့ အခုလို ဘလိုင်းဒိတ်ဖူးဖို့ဝေးလေစွ၊ ကောင်မလေးတစ်ယောက်နဲ့တောင် စကားကြာကြာပြောဖူးတာမဟုတ်ဘူး။ အဲ.. ဒေါ်လေးအိုလီဗာကလွဲလို့။ ဒါပေမဲ့ သူ​က အိုလီဗာကို မိန်းကလေးမဆန်ဘူးလို့သတ်မှတ်ပြီး ယောက်ျားလေးပေါင်းပေါင်းနေတာ။ နောက်ဟိုကလည်း မြေရှင်ကြီးသမီးနဲ့ကိုး။

I just Wanna be Hero not HeroineWhere stories live. Discover now