ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 5 - ရန်ဖြစ်နေတဲ့စုံတွဲArchmega ပေါ်လာတဲ့အတွက် အခုဆိုရင် အော့တိုက လုံးဝပြေးပေါက်ပိတ်သွားပြီလို့ ဆိုရမှာပါ။ ပြီးတော့ အဲဒီအလင်းလုံးတွေကို မက်ဒါနာမမြင်ဖူးသေးဘူး။ ကြည့်ရတာ အသစ်ထွင်ထားတဲ့ ဖရာလီတာရဲ့အလင်းဒြပ်စင်လက်နက်သစ် ဖြစ်နိုင်မလား။
ဖရာလီတာက အရင်ကတည်းက အလင်းဓားတွေထွင်ထားတယ်ဆိုပေမဲ့ အားမကောင်းဘဲ အလှပဲပြထားရတာပါ။ ဒါပေမဲ့ ဒီအလင်းလုံးလေးတွေက ဖျက်အားပြင်းဗုံးတွေလိုအလုပ်လုပ်ပြီး အင်မတန်မြန်ပါတယ်။ တိုက်ချင်းပစ်ဒုံးတွေထက်တောင် ပိုထိရောက်နိုင်တယ်။ ကံမကောင်းတာက အော့တိုဟာ Clock Reverseကြောင့် ချက်ချင်းဆိုသလိုပြန်ကောင်းလာတဲ့အတွက် အစောပိုင်းက တိုက်ကွက်ဟာ အလကားလိုကိုဖြစ်သွားခဲ့ပါပြီ။
မက်ဒါနာနဲ့ဥစာကီတို့လည်း အော့တိုကိုလိုက်မီသွားပြီး မလှမ်းမကမ်းမှာ ရပ်လိုက်ကြတယ်။ အကြောင်းက Archmegaဟာ သူတို့ကိုရှေ့ဆက်တက်ခွင့်ပေးမယ့်ပုံမပေါ်လို့ပါ။ ဧရာမWar frameကြီးက သူတို့နှစ်ယောက်ကို လှည့်ကြည့်လာပြီးပြောလိုက်တယ်။
"နင်တို့ဝင်မပါနဲ့ ဒါက ငါ့ရဲ့သားကောင်ပဲ။"
မက်ဒါနာကိုယ်တိုင်လည်း အရှိန်သပ်လိုက်ပြီး မြေဆွဲအားဓားကြီးကို ပြန်သိမ်းလိုက်ပါတယ်။ အကြောင်းက Archmegaထဲက ဖရာလီတာရဲ့သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်လို့ပါ။
ပုံမှန်အားဖြင့် ဖရာလီတာတိုက်ခိုက်နေတဲ့အခါမျိုးမှာ ဒီလောက်သတ်ဖြတ်လိုစိတ် ဖိတ်စင်လာတာမျိုး မရှိခဲ့ဖူးပါဘူး။ အခုက သူ့ကိုဝင်ကူတဲ့သူတွေပါ ရောအသတ်ခံရမယ့်ပုံစံမျိုးနဲ့ စကားပြောလာခဲ့တယ်လေ။
အော့တိုကတော့ ဒီစကားကိုကြားပြီးတဲ့နောက် အတော်ကြီးအပျော်ကျူးသွားတယ်။ တကယ်လို့ ဟီးရိုးနှစ်ယောက်နဲ့Archmegaကို တစ်ပြိုင်တည်းရင်ဆိုင်ရရရင် သူ့အနေနဲ့သေရုံသာရှိမှာဆိုပေမဲ့ ဖရာလီတာနဲ့တော့ သူကောင်းကောင်းယှဥ်တိုက်ဖူးတဲ့အတွက် မကြောက်ပါဘူး။ အားနည်းချက်တွေကိုလည်း သူသိထားတာကိုး။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...