ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 39 - မရဏသစ်တောနယ်မြေဒီကြယ်ငါးပုံစံကို မက်ဒါနာတို့တွေ တစ်ခါမှမတွေ့ဖူးကြဘူး။ ဒေါက်တာမြူကလည်း တခြားအဖွဲ့ဝင်တွေလိုပဲ လူလုပ်မြူတန့်တစ်ယောက်ဖြစ်မှန်းတော့ သူတို့သတိထားမိပါတယ်။ သေသွားတဲ့တည်ထောင်သူဖြစ်တဲ့ Dr.soulတစ်ယောက်သာ မူလကတည်းက စွမ်းအားရှိတာပါ။
ဖရာလီတာက ထွက်လာသမျှမြူသားရဲတွေကို အမြောက်နဲ့ပစ်ချပေမဲ့ တော်တော်များတယ်။ ပြီးတော့ ကြယ်ငါးကြီးရဲ့ခန္ဓာကိုယ်ကိုလည်း ကြည့်ရှောင်နေရသေးတယ်။ ကံမကောင်းတဲ့ ပန်ဒရာဂွန် ကိုယ်ရံတော်တချို့တော့ မလွတ်တော့ဘဲ တိုက်ပွဲဂယက်ထဲ ဆွဲထည့်ခံရပြီး သေကုန်တယ်။
"B rankနဲ့အောက်တွေအကုန်လုံး နောက်ဆုတ်ကြ။"
အယ်လိုဟင်က အော်ပြီးသတိပေးလိုက်တယ်။ ဒရုန်းဇုန်နဲ့ B rank ဝန်းကျင်သာရှိတဲ့ ပန်ဒရာဂွန်ကိုယ်ရံတော်အားလုံး အယ်လိုဟင်နောက်မှာရပ်လိုက်တယ်။
နောက်တော့ အယ်လိုဟင်က သူတို့ကိုဦးဆောင်ပြီး ကသောင်းကနင်းဖြစ်ရပ်တွေကြားမှာ ကူရာမဲ့နေတဲ့ တစ္ဆေပင်လယ်ဓားပြတွေကို ပြစ်မှတ်ထားလိုက်တယ်။
အစကနေအဆုံးအထိ တစ္ဆေပင်လယ်ဓားပြတွေက ဒေါက်တာမြူဘက်ကနေ တိုက်ခိုက်ပေးနေခဲ့တာပါ။ ဒါပေမဲ့ ဒေါက်တာမြူအရေးမလှချိန်ကတည်းက သူတို့တွေဟာ ထွက်ပြေးဖို့လုပ်နေခဲ့တာဖြစ်ပြီး အခုဆိုရင် သူတို့က ဟီးရိုးအဖွဲ့ကိုလုံးဝလစ်လျူရှုပြီး အဝေးကိုခုတ်မောင်းဖို့ ကြိုးစားနေကြတာ။
ဗီလိန်လောကမှာ ယုံချင်စရာမရှိဆုံးက မဟာမိတ်ပါ။ သူတို့က အကျိုးအမြတ်အတွက်သာ အလုပ်လုပ်မှာဖြစ်ပြီး မဟန်တာနဲ့တိုက်ပွဲကနေ ထွက်ပြေးမှာပါ။ သူတို့က ရီနေးဆန့်ခေတ်အစမှ အီတလီမြို့ပြနိုင်ငံတွေ ငှားသုံးတဲ့ ကြေးစားစစ်သည်တွေနဲ့အတူတူပါပဲ။
ဒီတော့ တိုက်ပွဲစပြီးသိပ်မကြာခင်မှာပဲ သင်္ဘောတွေက ဗဟိုတိုက်ပွဲဂယက်နဲ့ဝေးနေပြီဖြစ်ပေမဲ့ အပျော်စီးသင်္ဘောကြီးကတော့ စက်ကွင်းမလွတ်တော့ဘဲ ကြယ်ငါးကြီးနှစ်မြုပ်တာ ခံလိုက်ရတယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...