ငါက သူရဲကောင်း ဖြစ်ချင်ရုံပါ
Chapter 38- ကာကွယ်ရန် ကျရှုံးခြင်းအယ်လိုဟင်မှာ ဖော်မြူလာအခန်း၏ တံခါးရှိ လုံခြုံရေးသော့ကို ကြည့်လိုက်ကာ သူခိုးဝှက်ယူလာသော အနျူမီလီယံအမှုန့်များအား ဖြူးချလိုက်သည်။ စကားဝှက်ကီးဘုတ်ပေါ်တွင် လက်ဗွေရာများပေါ်လာပြီး အစဥ်အတိုင်းနှိပ်ချလိုက်၏။ လုံခြုံရေးတံခါးမှာ အတားအဆီးမရှိ ပွင့်သွားတော့သည်။ အယ်လိုဟင်က အခန်းထဲသို့ ဝင်ရောက်ပြီးနောက် သူ့မျက်နှာပေါ်မှ နည်းပညာမြင့် နာနိုရုပ်ဖျက်မျက်နှာဖုံးကို ခွာပစ်လိုက်သည်။
"ကလေးကစားစရာလေးတွေပါကွာ။"
ထို့နောက် အယ်လိုဟင်က ဖာရာဒေး စမ်းသပ်နမူနာနှင့် မအောင်မြင်သေးသည့် ဘုရားသခင်၏နာမတော်အမည်ရှိ လူလုပ်မြူတန့်ဗီဇ နမူနာပုလင်းတို့ကို ယူဆောင်ကာ အခန်းတွင်းသို့ လက်ပစ်ဗုံးပစ်ထည့်လိုက်ပြီး တံခါးပိတ်လိုက်၏။
"ဘုန်း....." အခန်းတွင်းရှိ စက်ပစ္စည်းနှင့်နမူနာအားလုံး ပျက်စီးသွားကာ အရေးပေါ်မီးလင်းလာသည်။ လုံခြုံရေးအစောင့်တချို့ ပြေးလာသော်လည်း အယ်လိုဟင်အတွက် ဒီလောက်ကြီး အခက်အခဲမတွေ့ခဲ့ပေ။
သူ၏လက်ထဲမှ ပစ္စတိုတစ်လက်ဖြင့်ပင် အစောင့်လေးငါးဆယ်ကို အနိုင်ပိုင်းပစ်လိုက်၏။ သူက လဲကျနေသော လူများနှင့်သွေးအိုင်များကို ကျော်ခွရင်း လေပင်ချွန်နေလိုက်သေးသည်။
သို့သော် တစ်နေရာအရောက်တွင်တော့ သူ့မျက်နှာက အေးခဲသွားပြီး တစ်ကိုယ်လုံးတောင့်တင်းသွား၏။ ကျီးကန်းမျက်နှာဖုံးနှင့် ဓာတ်ခွဲခန်းဝတ်စုံဝတ်ထားသည့် လူတစ်ယောက်က သူ့ကိုအသင့်စောင့်နေပြီး လက်ကိုဆန့်ထုတ်ကာ သူ့ကိုတစ်စုံတစ်ခုတောင်းသည့်ဟန်ဖြင့် ဖြန့်ပြလိုက်သည်။
"အဲဒီနမူနာနှစ်ခုက ငါပိုင်တဲ့အရာတွေပါ မစ္စတာ။ မင်းယူသွားလို့မရဘူး။"
"Mad Doctor..." အယ်လိုဟင်က အေးစက်စွာဖြင့် ပြောလိုက်ရင်း သူ၏သေနတ်ဖြင့် ထိုသိပ္ပံပညာရှင်ကို ပစ်ခတ်လိုက်သည်။ သူက ထိုပစ်ချက်ဖြင့် သတ်ရန် ရည်ရွယ်ထားခြင်းမရှိပါ။ အချိန်ဆွဲရန်အတွက်သာ ဖြစ်ပါသည်။ ပစ်ပြီးသည်နှင့် သူက နောက်ကိုလှည့်ပြေး၏။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...