V2 Chapter 10

244 40 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 10 - လျှို့ဝှက်ချက်အကြီးကြီး

မက် ရှင်းပြနေတုန်း လယ်ရီက ကြားဖြတ်ပြီး ဝင်ပြောဖို့ ကြိုးစားလိုက်တယ်။ မက်နဲ့လယ်ရီတို့ အချိန်အတန်ကြာအောင် နေရာလုပြီးတဲ့နောက် လယ်ရီအနိုင်ရသွားပြီး သူပြောမယ့်စကားကို ပြောခွင့်ရသွားတယ်။

"တကယ်တော့ ငါတို့ဘုရင်မကိုငါတို့သတ်တာက မတော်တဆဖြစ်တာပါ။ ဒီကိုထွက်ပြေးမလာခင် ငါတို့သုံးယောက်က လွန်အော့ခ်ပင်မအမြောက်တပ်က ဗိုလ်တွေပါ။ ငါတို့က အမြွှာတွေဖြစ်သလို ရာထူးလည်းတူတယ်လေ။ အဲဒီနေ့က ပင်မအမြောက်ကြီးသုံးလက်ကို ပြိုင်တူပစ်ပြီးတော့ တစ်ဖက်တပ်ဖွဲ့ခေါင်းဆောင်ကို ဖြေရှင်းရမှာ။"

မက်က မက်ဒါနာတို့ နားလည်ရလွယ်ပြီး ပိုရှင်းသွားအောင် ဝင်ထောက်ပြလိုက်တယ်။

"တကယ်တော့ ဖက်ဒရေးရှင်းဖက်က လူပုဘုရင်ကိုပါ။ သူက စက်ရုပ်အကြီးကြီးမောင်းပြီး ငါတို့ဖိုက်တာပိုးကောင်တွေကို တော်တော်ဒုက္ခပေးနေတာလေ။"

လယ်ရီက မက်တစ်ယောက် စကားဖြတ်မပြောအောင် နောက်သို့ပြန်ပို့ပြီး  "အဲဒီနောက်တော့ ပစ်မှတ်ကိုထိသွားတော့တာပဲ။" လို့ပြောတယ်။ မက်ကတော့ သူ့ညီသူ့စကားကို အတင်းလုပြောနေတာကို သဘောမကျဘူး။ သူက လယ်ရီ့စကားကို ထပ်ထောက်ပြောပြန်ရော။

"ဒါပေမဲ့ ထိသွားတာ ပစ်မှတ်တစ်ခုတည်းမဟုတ်ဘူးလေ။ လေဆာတန်းကြီးက တပ်ဖွဲ့ရှေ့မှာရပ်နေတဲ့ အင်ပါယာဘုရင်မကိုပါ မှန်သွားပြီး သူပါတစ်စစီဖြစ်သွားတာ။ သူက အိုမီဂါပေမဲ့ ဂြိုဟ်ဖျက်ဆီးရေးလက်နက်ကြီးတစ်ခု ရုတ်တရက်သူ့ကိုလာမှန်တော့ မခုခံနိုင်ဘဲ ပရစ်ကြော်ဖြစ်သွားတယ်။"

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော မိုးက ဟိုနှစ်ယောက်ထပ်ဦးအောင် ဝင်ပြောလိုက်လေရဲ့။ "အဲဒီနောက်တော့ ငါတို့ဝရမ်းပြေးဖြစ်လာကြတယ်။ အင်ပါယာသစ္စာဖောက်တွေဆိုပြီး တစ်ယောက်ကို အင်ပါယာဒင်နာငွေကြေး ဘီလီယံတစ်ရာနဲ့ စုစုပေါင်းသုံးရာတောင် ဆုကြေးထုတ်လိုက်တာ။"

မိုးပြောပြီးတော့ လယ်ရီက ပြန်စပြောတယ်။
"အဲဒါနဲ့ ငါတို့ဖက်ဒရေးရှင်းမှာ သွားခိုလုံဖို့လုပ်ပေမဲ့ သူတို့တည်ထောင်သူကို ငါတို့သတ်ထားတာဆိုတော့ သူတို့ကလည်း ငါတို့ကို ဝရမ်းပြေးအဖြစ် ကြေညာထားပြီး ဖက်ဒရေးရှင်းကွိုင်ငွေကြေး ၁ ထရီလီယံထုတ်တားကြတယ်။ အင်ပါယာရဲ့သုံးဆပဲ။"

I just Wanna be Hero not HeroineWhere stories live. Discover now