ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 21 - အိပ်မက်ဆိုးဖြစ်လာတဲ့ ဟီးရိုးBMW ကားလေးတစ်စင်းက လေးလမ်းသွားလမ်းပေါ်တွင် မောင်းနှင်လျက်ရှိသည်။ ကားမောင်းနေသည့်အမျိုးသားက လှုပ်ရှားရလွယ်သည့် အပြာရောင်ဆွဲသားဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏လက်နှစ်ဖက်တွင်တော့ ဟီးရိုးအထောက်အကူပြုကိရိယာတစ်ခုကို တပ်ဆင်ထားသည်။
ထိုလူက နယူးယောက်အစည်းအရုံးမှ Rank B- အဆင့်ရှိ ဟီရိုးတစ်ယောက်လည်းဖြစ်သည်။ ဒုဌာနမှူးမဟုတ်သော်လည်း အရေးပါသောတည်ရှိမှုပင်။ ကားရှိ အခြားရှေ့ခုံတွင်တော့ အသက်ရှစ်နှစ်သာရှိဦးမည့်
ကလေးမလေးတစ်ယောက်ရှိနေကာ ကျောပိုးအိတ်ကိုပိုးထားရင်း သူ့အဖေကို မေးလိုက်သည်။"ဖေဖေ... ဘာဖြစ်လို့ SilverKnightက လူဆိုးဖြစ်သွားတာလဲဟင်။"
လူကြီးက ကောင်မလေးကို တစ်ချက်ကြည့်လိုက်ပြီးပြန်ဖြေသည်။
"အဖေလည်းမသိဘူးလေ၊ သူ့အကြောင်းအရင်းနဲ့သူတော့ ရှိမှာပေါ့။" Frozenbladeက နယူးယောက်ရှိ ထူးချွန်သော စူပါဟီးရိုးဖြစ်သည့်တိုင် သူသည်လည်းအခြားသူများကဲ့သို့ပင် ငွေရောင်စစ်သည်တော် ရုတ်တရက် ရူးသွပ်သွားခြင်းအား နားမလည်နိုင်ခဲ့ပေ။ သို့သော်လည်း 'မြူတန့်တွေက လုပ်ချင်ရာလုပ်လို့ရတယ်'ဆိုသည့် ငွေရောင်စစ်သည်၏စကားကြောင့် သူအခုထိ စိတ်ထဲထင့်နေသည်။
တခြားမဟုတ်၊ လွန်ခဲ့သည့်ဆယ်နှစ် သူ့တွင်ကလေးမရှိသေးခင်က သူထိုစကားကို ကြားခဲ့ဖူးသည်။ အေးခဲဓားက သူ့သမီးလေးကို လေသံအေးအေးဖြင့် ပြောလိုက်၏။
"ဖွားဖွားဆီရောက်ရင် မဆိုးရဘူးနော်၊ လိမ်လိမ်မာမာနေ။ ကြားလား။"
"ဟုတ်၊ ဖေဖေ။" Frozenbladeက ခုရက်ပိုင်းအတွင်း စိတ်များလေးလံနေသည့်အတွက်ကြောင့် သူ့ကလေးကို နယူးယောက်မှဝေးရာသို့ ပို့ပေးရန်စီစဥ်နေခြင်းဖြစ်သည်။ SilverKnightနှင့်ဝေးလေလေ သူ့သမီးလေးအတွက် ပိုစိတ်ချရလေမဟုတ်လား။
သူ့အတွေးများကတော့ လွန်ခဲ့သည့်ဆယ်နှစ်သို့ ပြန်ရောက်နေခဲ့ပြီဖြစ်၏။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...