V2 Chapter 31

205 31 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 31 - ဂိုဏ်းစတားအစ်မကြီး

Tempest Siren ဆိုတာက အိုလီဗာတစ်ယောက် အမေရိကန်မာဖီးယားအဖွဲ့မှာ ကျင်လည်ခဲ့တုန်းက နာမည်ပြောင်ပေါ့။ ဟုတ်ပါတယ်၊ အန္တရာယ်ပေးတတ်ပုံမရတဲ့ လူတိုင်းကဒေါ်လေးလိုခေါိရင် သဘောကျနေတဲ့ ဒီအစ်မကြီးက မာဖီးယားတစ်ယောက်ပါ။ ပြီးတော့ သာမန်အဖွဲ့ဝင်မဟုတ်ဘဲ လက်ရွေးစင်အဖွဲ့ခေါင်းဆောင်ပါ။ သူ့အထက်မှာ ဂိုဏ်းချုပ်နဲ့ ဒုဂိုဏ်းချုပ်နှစ်ယောက်ပဲရှိတယ်။

မက်ဒါနာကို သူပြောပြခဲ့သလိုမျိုး အဆိုတော်ဖြစ်ချင်လို့ အိမ်ပေါ်ကဆင်းလာတယ်ဆိုတာက မှန်ပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကမလို့ တော်တော်ကြာပြီဖြစ်တဲ့ကိစ္စတစ်ခုပါ။ ဒီအစ်မကြီးက နှစ်နှစ်ဆယ်လုံး မြင်းဇောင်းအိမ်ရာမှာနေခဲ့တာမဟုတ်ဘူး။

လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ် အိုလီဗာအသက်ဆယ့်ငါးနှစ်တုန်း​က အဆိုတော်ဖြစ်ချင်တယ်ဆိုပြီး အိမ်နဲ့အတိုက်အခံဖြစ် ဆင်းလာခဲ့တယ်။ ဘားဆိုင်တစ်ဆိုင်မှာ စင်တင်တေးဂီတာအဆိုတော်အဖြစ် လုပ်ခဲ့သေးတယ်။ မွေးကတည်းကပါတဲ့ အသံပါရမီကြောင့် Death metal သီချင်းတွေပဲဆိုလို့ရခဲ့ပြီး အဲဒီသီချင်းတွေခေတ် ကုန်လာတဲ့အချိန်ဆိုတော့ စီးပွားရေးမကောင်းခဲ့ဘူး။

နောက်အမျိုးသမီးတစ်ယောက်အနေနဲ့ စင်တင်တေးဂီတလုပ်ငန်းမှာ လုပ်ကိုင်ရတာက မလွယ်ကူခဲ့ဘူး။ သူ့ကိုမကြာခဏ နှောင့်ယှက်သူတွေရှိခဲ့လို့ အသံမြူတန့်စွမ်းအားနဲ့ မိမိကိုယ်ကိုယ်ခုခံနိုင်ဖို့ သင်ယူခဲ့တယ်။ ဒီလိုနဲ့တစ်နေ့မှာတော့ အမေရိကန်မာဖီးယားဂိုဏ်းတစ်ခုက သတိထားမိသွားပြီး သူ့ကိုအဖွဲ့ထဲဝင်ခိုင်းလိုက်ပါတယ်။

အဲဲဒီနောက် ဆယ်နှစ်လောက်ကြာတဲ့အထိ ကာစီနိုရုံမှာ အစောင့်ခေါင်းဆောင်ဖြစ်သွားတယ်။ နောက်တော့ ဝါသနာကိုဆက်လုပ်ဖို့အတွက် မရရအောင် ထွက်ခဲ့တယ်ဆိုပါတော့။ ထွက်ဖို့ကူညီပေးခဲ့တဲ့သူက ဟယ်ရီပါ။

ဖားလေးကတော့ ဘေးမှာထိုင်ပြီး ဟယ်ရီပြောပြနေတဲ့ အန်တီလေးအိုလီဗာအကြောင်းကို နားထောင်ရင်းလန့်လာပါတယ်။

I just Wanna be Hero not HeroineWhere stories live. Discover now