ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 38 - တိုက်ပွဲသူတို့စမ်းသပ်ခန်းရဲ့အတွင်းပိုင်းကို ဝင်လာလေလေ အရိုးမျက်နှာကလုန်းတွေကို တွေ့ရလေပါ။ ဒါပေမဲ့လည်း သူတို့စွမ်းအားနဲ့က အေးအေးဆေးဆေးဖြတ်ကျော်နိုင်နေပါသေးတယ်။
အထပ်နှစ်ဆယ်မြောက်အောက်ဆုံးထပ်ကိုရောက်တော့ အခန်းငယ်လေးတွေမတွေ့ရတော့ဘဲ ခန်းမကျယ်ကြီးတစ်ခုကိုသာ တွေ့ရပါတော့တယ်။ နေရာတိုင်းမှာ ဧရာမပိုက်ကြီးတွေရှိနေပြီးတော့ ခန်းမအလယ်မှာ တစ်စုံတစ်ခုကိုချုပ်နှောင်ထားခဲ့ပုံပေါ်တယ်။
"သူတို့ဒီမှာဘာလုပ်ခဲ့လဲမသိပေမဲ့ စွမ်းအားကြီးတဲ့အရာတစ်ခုခုတော့ ရှိနေခဲ့ပုံပဲ။"
ဒရုန်းဇုန်က အကောင်ကြီးတစ်ကောင် သောင်းကျန်းထားတဲ့အတွက် ပျက်စီးချိုင့်ဝင်နေတဲ့ ကြမ်းပြင်နဲ့နံရံတွေကို ထိုးပြရင်းပြောလိုက်တယ်။ လီဆာလည်းဒီနေရာမှာ ပုတ်သင်ကြီးအဖြစ်နဲ့ရှိနေပေမဲ့ အခုနေရာက အပျက်အစီးတွေအတွက်လက်သည်တော့မဖြစ်နိုင်ဘူး။ ပိုကြီးမားပြီး ပိုကြမ်းတမ်းတဲ့အရာတစ်ခုဖြစ်တဲ့ပုံပဲ။
ခန်းမကြီးက ကြီးမားသလိုပဲ ဘာမှန်းမသိရတဲ့စမ်းသပ်ခန်းသုံးပစ္စည်းတွေနဲ့ပြည့်နေတဲ့အတွက် တစ်နေရာကနေ တခြားတစ်နေရာကို ရှင်းရှင်းလင်းလင်းမမြင်ရဘူး။ အထူးသဖြင့် ဖန်လုံသေတ္တာတွေခြားထားလို့ပါ။
မက်ဒါနာ ပတ်ဝန်းကျင်ကို အကဲခတ်နေတုန်း အေးဂျင့်တွေက လူခွဲပြီး အခန်းထဲပတ်ကြည့်နေကြမှန်း သတိထားမိတယ်။ သူတို့တစ်ခုခုရှာနေကြပုံပဲ။ အရိုးမျက်နှာကလုန်းတွေအတွက်ဖြစ်နိုင်တယ်။ ဒါပေမဲ့ မြူတန့်သိပ္ပံလိုမျိုးအဖွဲ့တစ်ခုခုက သူတို့ဖော်မြူလာကို ဒီအတိုင်းထားခဲ့ပါ့မလား။ အခုလိုလိုက်ရှာတာက တအားတုံးလွန်းရာရောက်တယ်။
ငွေရောင်စစ်သည်က ဓားကိုကျော်ပေါ်ပြန်တင်လိုက်ရင်း ဥစာကီတို့ကို နှုတ်ဆက်လိုက်တယ်။
"ငါ ကောင်မလေးကိုလိုက်ရှာလိုက်ဦးမယ်။"
"ကောင်းပြီ၊ ငါတို့လူခွဲရှာကြတာပေါ့။"
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...