Chapter 31

290 35 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 31- အလောင်းကောင်သခင်ကြီး

"ယာမီ၊ ငါ့ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ပေးပါဦး။"

ဂျာမန်သူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ဝင်အပိုင်စီးထားတဲ့ ဆိုဖီယာက တခြားခန္ဓာကိုယ်တစ်ခုထဲကို ဝင်လိုက်တယ်။ လူတွေ ဗိုင်အိုလာလို့သိကြတဲ့ လူတစ်ယောက်လေ။

ပိန်ပိန်ပါးပါး ဖြူရော်ရော်အသားအရေနဲ့ လူငယ်လေးတစ်ယောက်က မလှုပ်ရှားတော့တဲ့ အန်နာစတေးရှားရဲ့ခန္ဓာကိုယ်ကို လက်နဲ့ထိလိုက်တယ်။ အသက်မဲ့အလောင်းကောင်က စတင်လှုပ်ရှားလာပြီး သူ့ဘာသာသူ အေးခဲအခန်းထဲကို လျှောက်ဝင်သွားတယ်။ ဗိုင်အိုလာခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဆိုဖီယာလည်း လှည့်ထွက်သွားတယ်။

ဟုတ်တယ်၊ သူ့နာမည်က ယာမီ။ နာမည်အရင်းတော့မဟုတ်ဘူး။ ရှင်တိုဘာသာရေးပုံပြင်တွေထဲက မြေအောက်တမလွန်ဘုံနဲ့ အဓိပ္ပါယ်အတူတူပဲ။ ဆိုဖီယာရဲ့Hostခန္ဓာတွေကို ထိန်းသိမ်းပေးရတဲ့သူ။ မက်၊လယ်ရီနဲ့မိုးတို့ကတော့ သူ့ကိုဖုတ်ကောင်အိုကြီးလို့ ခေါ်တတ်ကြတယ်။

​မြူတန့်ခေတ်မှာ မွေးဖွားလာသူဖြစ်ပြီးတော့ သူ့စွမ်းအားက တခြားသူတွေနဲ့ လုံးဝကိုကွဲပြားတယ်။ သူ့စွမ်းအားက ဆဲလ်သေတွေကို ပြန်အသက်သွင်းနိုင်တာ။ သိပ္ပံပညာရှင်တွေတောင်မှ သေဆုံးနေတဲ့ဆဲလ်တွေကို ပြန်အသက်မသွင်းနိုင်ကြဘူး။ သူကတော့ လုပ်နိုင်တယ်၊ ဒါပေမဲ့ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ပါ။ ဆဲလ်တွေဟာ တကယ်အသက်ပြန်ရှင်မလာပေမဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်လာတဲ့ ပျက်စီးပျောက်ကွယ်သွားနှုန်းကို ထိန်းထားနိုင်ပြီး သေလျက်နဲ့လှုပ်ရှားနိုင်စေတယ်။

လူတွေပြောလေ့ရှိကြတဲ့ ဇွန်ဘီဖုတ်ကောင်တွေအဖြစ် အလောင်းကောင်တွေကို လှုပ်ရှားစေနိုင်တာမျိုးပေါ့။ ဒါပေမဲ့ သူ့စွမ်းအားကြောင့် လှုပ်ရှားလာတဲ့ အလောင်းကောင်တွေက ရုပ်ရှင်တွေထဲကလိုမျိုး လူတကာကို လိုက်ကိုက်နေတာမျိုးမဟုတ်ဘူး။ သူ့စွမ်းအားက ဦးနောက်ဆဲလ်တွေကိုပါ လှုပ်ရှားလာစေတယ်။ တစ်နည်းအားဖြင့် ဉာဏ်ရှိတဲ့ ဖုတ်ကောင်တွေ။

I just Wanna be Hero not HeroineWhere stories live. Discover now