ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 37- ဘယ်ကမှန်းမသိ ရောက်လာတဲ့ တပ်ကူများလူတွေအများကြီး ဝိုင်းတိုက်တာ ခံရချိန်မှာတော့ မက်ဒါနာရဲ့အမြန်နှုန်းအားသာချက်က မပြောပလောက်တော့ပါ။ ယာမာဂုချီမိသားစုရဲ့ဓားလောကဟာ အင်မတန်ကြောက်ဖို့ကောင်းပါတယ်။
ဒီလက်ရွေးစင်တွေက ပင်မမိသားစုဝင်တွေမဟုတ်ပေမဲ့ Cအဆင့် မြူတန့်တွေကြားမှာ တော်တော်လေးကြောက်ဖို့ကောင်းတယ်။ တစ်ဆေမျက်နှာဖုံး ဓားသမားတွေဟာ မက်ဒါနာကိုဝိုင်းရံပြီး တစ်ကြိမ်ပြီးတစ်ကြိမ် တိုက်စစ်ဆင်နေတယ်။
မီးပွားတွေ၊ သွေးစတွေနဲ့ ဓားချင်းခတ်သံတွေဟာ မြေအောက်သုတေသနအလုပ်ရုံကြီးအတွင်းမှာ ပြည့်နှက်နေပါပြီ။
ပေါက်ကွဲကျည်ဆန်တွေက မက်ဒါနာကို အများကြီး အကူအညီပေးခဲ့တယ်။ ဓားသမားငါးဆယ်ဟာ မက်ဒါနာကို လက်လှမ်းမီတဲ့နေရာအထိရောက်လာဖို့ တော်တော်ခက်ပါတယ်။ ရောက်လာခဲ့ရင်တောင် ကျည်ဆန်တွေကို ခတ်ထုတ်၊ ရှောင်ရှားလာရတဲ့အတွက် သက်လုံအများကြီးမကျန်ပါဘူး။ ဒါကြောင့် မက်ဒါနာဟာ သူတို့ကိုသူ့ဓားပြားကြီးနဲ့ လွယ်လွယ်လေး အနိုင်ယူနိုင်ခဲ့ပါတယ်။
ပြဿနာက ခွန်အားကြီးမားလွန်းတဲ့ ယာမပါ။ အခုလည်း ယာမက သူ့ကိုဓားနဲ့မိုးခုတ်လိုက်လို့ လက်တစ်ဖက်တည်းနဲ့ ခုခံနေရတယ်။ ဓားချင်းယှဉ်မိပြီးနောက် မက်ဒါနာရဲ့ဝတ်စုံက ဆက်တောင့်မခံနိုင်တော့တဲ့အတွက် ဒူးတစ်ဖက်ထောက်ကျသွားတယ်။
"ဟားဟား Silver Knight၊ မင်းရှုံးနေပါပြီကွ။"
ကြေးရောင်ထနေတဲ့ ယာမက မက်ဒါနာကို ပြုံးပြလိုက်တယ်။ အဝါရောင််သွားတွေက တော်တော်ကြည့်ရဆိုးပါတယ်။ မက်ဒါနာကတော့ သူ့ရဲ့အားနေတဲ့လက်တစ်ဖက်နဲ့ ယာမကိုချိန်လိုက်တယ်။"ငါ့မှာ ရှော့တိုက်စက်ရှိတာ မင်းမေ့နေတာလား။"
ဗို့အားအပြင်းဆုံးတင်ထားတဲ့ လျှပ်စစ်ကွင်းက စပရိန်ကန်အားကိုယူပြီး မက်ဒါနာရဲ့လက်ကနေ ထွက်သွားတယ်။ အဲဒီနောက် ကြေးလူသားရဲ့လည်ပင်းကို တည့်တည့်ချိတ်မိသွားပြီး ပြင်းထန်တဲ့အားကြောင့် နောက်ကိုလန်ကျသွားတယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...