V3 Chapter 17

171 24 8
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 17 - တရားခံဘယ်သူလဲဟေ့

မိန်းကလေးတစ်ယောက်ရဲ့ကိုယ်ပိုင်ပစ္စည်းတွေလောက် အရေးကြီးပြီး အဖိုးတန်တာ ဘာရှိသေးလို့လဲ။ အထူးသဖြင့် မက်ဒါနာလို မိန်းမလှလေးတစ်ယောက်ရဲ့ဇာနက်​လေးတွေက ကြယ်ငါးပွင့်အဆင့်အထိ အရေးကြီးတယ်။

မတော်လို့ ဝိသမလောဘသားတစ်ယောက် ရသွားပြီး လေလံတင်ရောင်းပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ 'အားလုံးပဲ၊ ဒါတွေက ငါခိုးလာတဲ့ ဆုဗာနာမင်းသမီးလေးရဲ့အဖိုးတန်ပစ္စည်းလေးတွေပါ။ ကြမ်းခင်းစျေးက ဒေါ်လာတစ်သန်း၊ တစ်ခါတိုးရင် အနည်းဆုံး ဒေါ်လာငါးထောင်တိုးရမယ်။ ငှီးငှီးငှီး...' ရုတ်တရက်ကြီး အမည်မသိနှာဘူးကောင်တစ်ကောင်ရဲ့အသံကိုတောင် ကြားယောင်မိလာသလိုလို။

ရုတ်တရက် မက်ဒါနာလေးက တစ်ခုခုကိုပြန်သတိရမိသွားပြီး ခေါင်းလေးကို စောင်းငဲ့လိုက်တယ်။ ဒါကြောင့် ရှန်ပူကောင်းကောင်းနဲ့လျှော်ထားလို့ ပိုးသားလေးလိုနူးအိနေတဲ့ ဆံပင်ဖြူလေးတွေလည်း သူ့ညာဖက်ပခုံးပေါ် ဖြာဆင်းကျလာတယ်။

မိန်းကလေးဖြစ်လာတာ ၃လ ကျော်ပြီမလို့ သူ့ဆံပင်တွေက နည်းနည်းပိုပြီးရှည်လာနေပြီ။ အရင်က ဂုတ်ဝဲလေးပဲဆိုပေမဲ့ အခုတော့ လည်ပင်းနားကိုကျော်နေပြီဖြစ်ပြီး ဂုတ်ပေါ်ကနေ ဆံပင်တချို့က ကျောစပ်နားအထိ ကျနေတတ်တယ်။ မနေ့ကတည်းက နဖူးကဆံစတချို့ မျက်လုံးကိုလာကွယ်နေလို့ ကပ်ကြေးနဲ့ညှပ်ချင်နေတာ။ ဆံပင်ရှည်လာရင် ဝတ်စုံထဲနေရတာ တအားစိတ်ပျက်ဖို့ကောင်းတယ်။

"တွေးကြည့်ခါမှ၊ တိုကျိုကိုလာတဲ့ခရီးမှာလည်း ငါ့အဖိုးတန်လေးတွေ ပျောက်သွားသေးတယ်မဟုတ်လား။" သူတို့လေယာဥ်နဲ့ခရီးသွားနေတုန်းကလည်း အဖြူရောင်ပင်တီလေးတချို့ ပျောက်သွားသေးတယ်။ ဒါပေမဲ့ ဝတ်စုံကိုအဆင့်မြှင့်နေတာဆိုတော့ သိပ်အာရုံမစိုက်မိဘူးလေ။ အသုံးမကျတဲ့အေမီတစ်ယောက် အထားမှားတယ်လို့ပဲ တွေးမိခဲ့တာ။

တကယ်တော့ ယောက်ျားလေးစိတ်မပျောက်သေးတဲ့ မက်ဒါနာက အနေအထိုင်တော်တော်စည်းကမ်းမဲ့တယ်။ ယောက်ျားလေးတွေ ဝတ်ပြီးသားအဝတ်တွေကို ဟိုဟိုဒီဒီပုံထားတတ်တဲ့အတိုင်းပဲ သူလည်းလုပ်တတ်တယ်။ အဆောင်မှာတုန်းကတော့ အေမီက အော်ကြီးဟစ်ကျယ်နဲ့ လိုက်ကောက်သိမ်းနေကျ။

I just Wanna be Hero not HeroineWhere stories live. Discover now