Chapter 42

244 34 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 42 - သေမင်းတောအုပ်

မက်ဒါနာ ကျောင်းဝင်းထဲ ခြေချမိတာနဲ့ ခံစားလိုက်ရတဲ့အရာက သူ့တစ်ကိုယ်လုံး ဂနာမငြိမ်ဖြစ်နေပြီး နေရာကနေ ထွက်ပြေးချင်နေတဲ့ ခံစားချက်က ချက်ချင်းဝင်ရောက်လာတယ်။ လူသားတွေမှာ အန္တရာယ်ကို အလိုလျှောက်တုံ့ပြန်တဲ့ ဗီဇရှိပါတယ်။ မြူတန့်တွေမှာကတော့ သာမန်လူတွေထက် အများကြီး ပိုပြင်းထန်တယ်။

ကိုယ့်ထက် အင်မတန်စွမ်းအားကြီးပြီး ကိုယ့်ကိုသတ်နိုင်တဲ့ အန္တရာယ်မျိုးနဲ့ကြုံလာရရင် ဒီလိုမျိုးခံစားချက်မျိုး မြူတန့်တွေခံစားရတယ်။ မက်ဒါနာဟာ S အဆင့်မြူတန့်ဖြစ်တဲ့ စင်တီဘေးကနေ ဖြတ်သန်းသွားတဲ့ အချိန်ကတောင် ဒီလိုခံစားချက်မျိုး မရခဲ့ဘူး။

သူ့ရှေ့မှာပိတ်နေတဲ့ ခရမ်းရောင်နွယ်ပင်တချို့ကို ဇက်သတ္တုဓားနဲ့ဖြတ်လိုက်ရင်း အတွင်းမှာရှိနေတဲ့ နတ်သမီးထောင်ချောက်ပင်တွေကို ကြည့်လိုက်ပါတယ်။

"စနစ်... ဒီအပင်တွေက ဘာတွေလဲ။"

[တာဝန်ကို လက်ခံဆောင်ရွက်နေပါသည်။ ရလဒ်- မြောက်ကယ်ရိုလိုင်းနားမျိုးစိတ် နတ်သမီးထောင်ချောက်ပန်းပင်နဲ့ အခြားအသားစားအပင်အမျိုးအစားများ ပေါင်းစည်းထားသော အမျိုးအမည်မသိမြူတန့်အမျိုးအစား။
အကြမ်းဖျင်းသုံးသပ်ချက်- နယ်မြေအမျိုးအစား မြူတန့်စွမ်းအား။ A+ ထက်ကျော်လွန်နိုင်သော အန္တရာယ်။]

မက်ဒါနာ့မျက်နှာက ချက်ချင်းမှိုင်းညို့သွား​တယ်။ 'အသားစားအပင်ပေါင်းစုံ ပေါင်းစပ်ထားတဲ့ မြူတန့်လား။ ဒီမြူတန့်က S အဆင့်မဟုတ်ရင်တောင် သူ့နယ်​မြေက Sအဆင့်တစ်ယောက်ကို ကောင်းကောင်း ဒုက္ခပေးလို့ရနေပြီ။' မက်ဒါနာချက်ချင်းဆိုသလို လီဆာအတွက် ပိုစိုးရိမ်မိသွားတယ်။

  ပြဿနာက သူ့စွမ်းအားက အမှန်တကယ် လုံလောက်မှုမရှိဘူး။ သာမန် A- အဆင့်ဖြစ်သော အိုက်ဇာဝါကို​​တောင် သေလုမတတ် တိုက်ခိုက်ခဲ့ရသူမလို့ ပိုကြောက်ဖို့ကောင်းတဲ့ ဒီမြူတန့်ကို ရင်ဆိုင်ဖို့ ပိုခက်သွားပြီ။

"မထူးတော့ဘူး... ဘယ်တတ်နိုင်မလဲ။"

မက်ဒါနာက ဓားကိုလက်နှစ်ဖက်နဲ့ကိုင်မြှောက်လိုက်ပြီး ဧရာမသစ်နွယ်တောကြီးကို မျက်နှာချင်းဆိုင်လိုက်တယ်။

I just Wanna be Hero not HeroineWhere stories live. Discover now