V2 Chapter 19

225 37 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 19 - ပရမ်းပတာအခြေအနေများ

နိုဝင်ဘာလထဲဝင်လာတော့ နယူးယောက်မြို့ရဲ့မနက်ပိုင်းရာသီဥတုက ချမ်းစိမ့်စိမ့်နိုင်တယ်။ တစ်ခါတရံဆိုရင် အပူချိန်က ၁၀ ဒီဂရီဆဲဆီးယပ်လောက်ပဲရှိတော့တာ။

ဒါကြောင့် ကွန်ကရစ်ခင်းထားတဲ့ လမ်းနံဘေးမှာရှိတဲ့ မေပယ်သစ်ပင်ကအရွယ်တွေအကုန်လုံး ဝါထိန်နေပြီ။

လူးစီးယပ်ဟာ အစိမ်းရောင်အနွေးထည်ဝတ်စုံလေးကိုခြုံပြီး အပြေးဖိနပ်လေးကိုစီးကာ ပလက်ဖောင်းပေါ်ကပြေးရင်း မနက်ပိုင်းလေ့ကျင့်ခန်းကို စတင်ခဲ့တယ်။

ဒီလိုလုပ်နေရတဲ့ အကြောင်းအရင်းကလည်း ရင်ထဲမှာ သူ့ဆရာအဖြစ် သတ်မှတ်ထားတဲ့ မက်ဒါနာက မနက်တိုင်းမြို့ထဲမှာ ပြေးလွှားနေတတ်လို့ပါ။ ဒါကြောင့် သူလည်းလေ့ကျင့်နည်းတစ်မျိုးအဖြစ် လက်ခံပြီး အခုလိုပြေးနေတာပါ။

လမ်းပေါ်မှာ နေ့တိုင်းလေ့ကျင့်ခန်းလုပ်နေတဲ့ ဦးလေးကြီးတချို့ကတော့ ဖားလေးကိုလက်ပြနှုတ်ဆက်ကြတယ်။ သူတို့တွေအားလုံး ဒီကောင်လေးကို ရင်းနှီးနေကြပြီ။ အရင်တစ်ခါ နယူးယောက်ကို ဗီလိန်တွေလာတိုက်တုန်းကလည်း ဒီကောင်လေး တီဗီမှာပါလာသေးတယ်။ မြွေကြီးလိုက်လို့ ပြေးနေရတဲ့ ဖားလေး​ဆိုပြီး ခုထိနာမည်တွင်နေတာ။ ပြီးတော့ ကျောင်းပြီးခါနီး ကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက် အလုပ်သင်ဟီးရိုးအဖြစ် ဟီးရိုးအေဂျင်စီတစ်ခုမှာ အလုပ်စဆင်းနေပြီ။

ဟီးရိုးအေဂျင်စီဆိုတာက ဟီးရိုးအစည်းအရုံးခွင့်ပြုချက်နဲ့ ကုမ္ပဏီသဘောမျိုးဖွင့်ထားတဲ့ ဟီးရိုးအဖွဲ့တွေပါ။ အစည်းအရုံးက ဟီးရိုးတွေကို ငွေကြေးအရ ထောက်ပံပေးထားပေမဲ့ အဆင့်နိမ့်ဟီးရိုးတွေနဲ့ ဟီးရိုးဖြစ်ခါစတွေအတွက်ရတော့ သေချာ​လုံလောက်အောင် မပေးနိုင်ပါဘူး။ ဒါကြောင့် စီးပွားရေးသမားတချို့က ဟီးရိုးကျောင်းဆင်းတွေကို ပစ်မှတ်ထားပြီးတော့ ရင်းနှီးမြုပ်နှံပေးရာကနေ ဟီးရိုးအေဂျင်စီတွေ ဖြစ်လာကြတာ။

နယူးယောက်မြို့မှာတော့ ဟီးရိုးအေဂျင်စီ ဆယ့်ငါးခုထက်မနည်းရှိပြီး B rank ဟီရိုးများစွာပိုင်ဆိုင်ထားတဲ့ နာမည်ကျော်ဟီးရိုးအစည်းအရုံးတချို့လည်းရှိပါတယ်။ နံပါတ်တစ်ကတော့ ဟီးရိုးအစည်းအရုံးခေါင်းဆောင် Sonic Speedရဲ့မီထရိုစင်တာပါ။

I just Wanna be Hero not HeroineWhere stories live. Discover now