ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 25 - တပ်ကူမစ်ရှင်မက်ဒါနာတို့ ရားမန်စားနေတုန်း တီဗီမှာကြေညာတဲ့ ကြားဖြတ်သတင်းက ယူဂျင်းထောင်ဖောက်ခံရတဲ့သတင်းပါ။ သတင်းဟယ်လီကော်ပတာကနေ ရိုက်ထားတဲ့ ဗီဒီယိုအတိုလေးအရတော့ ပင်လယ်ထဲက ထောင်ကြီးတစ်စစီပြိုကျသွားပြီး အလင်းတန်းနှစ်တန်း ကောင်းကင်ပေါ်ထိုးတက်လာတာကို အဝေးကနေ မြင်နေရပါတယ်။
ကြည့်ရတာ ထောင်ဖောက်တဲ့ကိစ္စမှာ အဆင့်မြင့်မြူတန့်တချို့လည်း ပါခဲ့တဲ့ပုံပဲ။ အဲဒီအလင်းတန်းထက် ပိုပြီးထူးဆန်းတဲ့မြင်ကွင်းက အတောင်ပံနဲ့လူငယ်လေးတစ်ယောက်ကို ဧရာမကျားနက်ကြီးတစ်ကောင်က ကျောပေါ်တင်ပြီး ပင်လယ်ပြင်ကိုကူးခတ်ပြေးနေတဲ့ပုံပါ။
သိပ်မကြာခင်မှာပဲ ယူဂျင်းထောင်ကြီးပေါက်ကွဲသွားတဲ့ပုံရိပ်ကို မြင်လိုက်ရပြီး ဗီဒီယိုလည်းရပ်တန့်သွားတယ်။ ဒါက ဟီးရိုးအစည်းအရုံးအနေနဲ့ ပြည်သူတွေကို ချပြချင်တဲ့သတင်းအကုန်ဖြစ်ပုံပါပဲ။ သတင်းအဆုံးမှာတော့ တင်ဆက်သူပြန်ပေါ်လာပြီး မစိုးရိမ်ကြဖို့နဲ့ အဆင့်မြင့်ဟီးရိုးတွေကို စေလွှတ်လိုက်ပြီဆိုတဲ့အကြောင်းပါပါတယ်။
"လခွမ်း... ကြောင်တစ်ကောင်က ပင်လယ်ဖြတ်ကူးတတ်လို့လား။" မက်ဒါနာသတင်းကြည့်နေရင်း စားပွဲခုံကို မှောက်ပစ်ချင်စိတ်ပေါက်လာတယ်။
ဖရာလီတာကတော့ ခေါက်ဆွဲပန်းကန်ထဲက ခေါက်ဆွဲတွေကို လက်စသတ်လိုက်ရင်း ကျသင့်ငွေအတွက် ပက်ဝေါ့စ်ရေးထားပြီးသား ဘဏ်ကတ်တစ်ကတ်ကို ချန်ထားလိုက်တယ်။
"သူကူးတတ်လို့ ကူးနေတာပေါ့ဟဲ့၊ အဲဒါက မြူတန့်သားရဲဆိုတာ အသိသာကြီးကို။"
ဟုတ််တယ်၊ မက်ဒါနာအဲဒီကြောင်ကို သေချာမမြင်လိုက်ရပေမဲ့ သူ့အမွှေးတွေမှာ လျှပ်စီးစက်ကွင်းတချို့ရှိနေတာကိုတော့ သတိထားမိတယ်။
"လျှပ်စီးစက်ကွင်းရှိတဲ့ မြူတန့်ကြောင်နက်၊ ထောင်ကိုဖျက်ဆီးပြီး အောင်အောင်မြင်မြင်နဲ့ထွက်လာတာဆိုတော့ သူ့အကြောင်းဒေတာတွေမရှိတာတော့ မဖြစ်နိုင်ဘူးမဟုတ်လား။" မက်ဒါနာပြန်စဥ်းစားကြည့်ပေမဲ့ လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း အဲဒီကြောင်နဲ့ပတ်သက်တဲ့သတင်းကြားဖူးတာ ဘာမှမရှိဘူး။ ဖြစ်နိုင်တာက အဲဒီထက်ရှေးကျလို့လား။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...