ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 45 - ကသောင်းကနင်းဖြစ်ရပ်များဝင်္ကပါတစ်နေရာမှာတော့ ယင်ဖမ်းနွယ်ပင်တွေက Archmegaရဲ့လက်တွေချည်တွေကို ဖမ်းချုပ်ထားပြီး မှိုစွဲအရိုးမျက်နှာတွေကတော့ ပင်မဂျက်အင်ဂျင်ရဲ့သက်ရောက်အားကို လျှော့ချနိုင်ဖို့အတွက် အတင်းဖိထားကြတယ်။ ကင်းမလက်မည်းနဲ့ မှိုစွဲအရိုးမျက်နှာကတော့ Archmegaရဲ့ရင်ဝကို အကြိမ်ကြိမ်တိုက်ခိုက်နေပြီး ဝတ်စုံကိုဖောက်ထွင်းဖို့ ကြိုးစားနေတယ်။
ဒီအုပ်စုက Archmegaကို အနိုင်ပိုင်းဖို့ကြိုးစားနေတာ မိနစ်အနည်းငယ်ရှိသွားပြီ။ ဝတ်စုံရဲ့အခြေအနေက ပိုဆိုးလာပေမဲ့ လုံးဝတော့ မပျက်စီးသေးပါဘူး။ Archmegaဝတ်စုံက Silverknight ဝတ်စုံထက်စာရင် ပိုပြီးမာကျောပါတယ်။ ဒီတော့ အလွယ်တကူမပျက်စီးနိုင်ဘူး။ ဒါပေမဲ့ အချိန်တစ်ခုကြာရင် ပျက်စီးသွားမှာတော့ သေချာပါတယ်။
"ဟား... နင်တို့လုပ်တာ ကြာလိုက်တာ။ အကူထပ်လူနေပြန်ပြီထင်ပါရဲ့။"
ဘေးကနေစောင့်ကြည့်နေတဲ့ ဗီးနပ်စ်က စိတ်မရှည်ဖြစ်လာပြီး လက်ဖျောက်တီးလိုက်တယ်။ နောက်ထပ်အရိုးကောင်တချို့ပေါ်လာပြီး သူတို့လက်တွေထဲမှာ အရိုးဆူးချွန်တွေပေါ်လာတယ်။
ဖရာလီတာကလည်း သူတို့ကိုကြည့်နေတာမလို့ ဒီမြူတန့်စွမ်းအားက Silverknightဝတ်စုံကို ဖောက်နိုင်ခဲ့တဲ့ မြူတန့်စွမ်းအားမှန်း သိနေပါတယ်။
'ဒီအတိုင်းသာဆိုရင် ငါတကယ်မျိုးတုန်းတော့မယ်။ စဥ်းစားစမ်း၊ စဥ်းစားစမ်း။' ရုတ်တရက် ဖရာလီတာ အကွက်ဟောင်းတစ်ခုကို စဥ်းစားမိသွားပြီး ခလုတ်နှိပ်လိုက်တယ်။ အစောပိုင်းက လုံးဝကိုထူပူနေတာမလို့ မစဥ်းစားခဲ့မိတာ။ ဒါပေမဲ့ စစ်သည်တော်တစ်ဦးအနေနဲ့ဆိုရင်တော့ ဖောက်ထွက်နိုင်မယ့်နည်းလမ်းကို ဒီလောက်မြန်မြန် တွေးနိုင်ခဲ့တာ တော်တယ်လို့ပြောနိုင်ပါတယ်။
ဖရာလီတာက ခလုတ်တစ်ခုကိုနှိပ်လိုက်တာနဲ့ အဖြူရောင်အလင်းတချို့က ဝတ်စုံထဲကနေထွက်လာပြီး စက်ဝိုင်းသဏ္ဍာန် ဖွဲ့တည်တယ်။ ဒီအကွက်က Silverknightကို နယူးယောက်မှာ Archmega စိန်ခေါ်တုန်းက သုံးခဲ့တဲ့တိုက်ကွက်ဖြစ်ပြီး သိပ်အင်အားမကြီးမားပေမဲ့ အသုံးတော့ဝင်ပါသေးတယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...