ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 2 - ပန်ဒရာဂွန်သခင်မလေးက ကလေးဆန်နေပြန်ပြီဂျပန်ဟာ အနောက်မြောက်ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ ကျွန်းနိုင်ငံလေးတစ်ခုပါ။ ၂၀၃၂ ခုနှစ်မှာတော့ လူဦးရေ သန်း ၁၁၀ ဝန်းကျင်ရှိပြီး GDP အဆင့်အရဆိုရင် ကမ္ဘာ့အဆင့်သုံးမှာ ရပ်တည်နေပါတယ်။ တစ်ဦးချင်းဝင်ငွေကတော့ အဆင့် ၂၀ ပတ်ချာလည်မှာရှိပါတယ်။
နိုင်ငံတော်သီချင်းကတော့ 'မင်းမြတ်အုပ်စိုးလေသည်' အဓိပ္ပါယ်ရတဲ့ 'Kimi ga Yo'ပါ။ ဒုတိယကမ္ဘာစစ်မှာ ဝင်ရိုးတန်းသုံးနိုင်ငံဘက်ကနေ တိုက်ခိုက်ခဲ့ပြီး ၁၉၄၇ ခုနစ်မှာ လက်နက်ချခဲ့ပါတယ်။ ထိုစဥ်က ဘိုးတော်ဧကရာဇ် ဟီရိုဟီတိုဟာ သူတို့ရှုံးနိမ့်ခဲ့တာမဟုတ်ဘဲ ပိုသန်မာတဲ့နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲသွားတာလို့ ပြောခဲ့ပါတယ်။
ယနေ့အခါမှာတော့ ဂျပန်ဟာ S rank ဟီးရိုးတစ်ယောက်ရှိပြီး နည်းပညာရော စီးပွားရေးမှာပါ အာရှရဲ့မဟာရှေ့ဆောင်နိုင်ငံကြီးအဖြစ် တည်ရှိနေဆဲပါ။
ဒါပေါ့၊ ဒါတွေအားလုံးကို မက်ဒါနာသိထားပြီးသား။ ဘေးနားမှာရှိနေတဲ့ ဖရာလီတာက အကုန်ပြောပြနေတာကိုး။ ဖရာလီတာရဲ့အကျင့်က တစ်ခါတလေမှာ ဖရန့်ကျန်းနဲ့ဆင်တူတယ်။ စကားတစ်ခွန်းကို ထပ်ခါတလဲလဲ ပြောတာမျိုးမရှိရုံပဲ။
ဖရာလီတာက အမေရိကန်ထက်စာရင် ဂျပန်ကို ပိုသဘောကျပါတယ်။ အကြောင်းက ဘုရင့်နိုင်ငံတစ်ခုဖြစ်နေပြီး ဗြိတိန်နဲ့အတိုင်းအတာတစ်ခုအထိ ဆင်တူတဲ့ ထုံးတမ်းစဥ်လာတွေရှိလို့ပါ။
"တိုကျိုမှာ အာကီဟာဘာရာဆိုတဲ့ ဒီဂျစ်တယ်ပစ္စည်းစျေးကြီးက နာမည်အကြီးဆုံးတဲ့၊ ဟီးရိုးပစ္စည်းတွေလည်း ရလောက်မယ်ထင်တယ်။ သွားကြည့်ရအောင် နော်...နော်..." လေဆိပ်မှာ အုပ်ထိန်းသူမပါတဲ့ကလေးဆိုပြီး လေဆိပ်ဝန်ထမ်းမမတွေ ဝိုင်းစစ်တာခံရတဲ့ ဘေးကနေ ဖရာလီတာကို မက်ဒါနာကယ်ထုတ်လာပြီးနောက် ကောင်မလေးက ချက်ချင်းပူစာလာတယ်။
ဒါပေါ့၊ မက်ဒါနာကတော့ အာကီဟာဘာရာကို အန်နီမေးလ်ကားတွေနဲ့ အိုတာခုပစ္စည်းတွေအစုံရတဲ့နေရာလို့ပဲ မြင်နေတာ။ တကယ်တော့ ဖုန်း၊လက်တော့နဲ့ တခြားလူမှုနည်းပညာပစ္စည်းတွေအများကြီးရောင်းတယ်။ ဒါကြောင့် ဂျပန်ရဲ့အထင်ကရဟီးရိုးအထောက်အကူပြုပစ္စည်းဆိုင်တွေလည်း အဲဒီမှာရှိနိုင်တယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...