ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 5 - မြူတန့်ပိုင်နက်ထဲမှာမက်ဒါနာတို့တွေ အာကိုင်းဂါမီဘုရားကျောင်းကို ရောက်သွားတော့ ပထမဆုံးတွေ့လိုက်ရတာက မီးလောင်နေတဲ့ ခြုံပုတ်ကြီးရယ်၊ မီးကြောင့်ကြောက်လန့်ပြီး ပတ်ပြေးနေတဲ့ ကလေးနှစ်ယောက်ရယ်ံ၊ မီးငြိမ်းဖို့အတွက် ဘုရားကျောင်းရေကန်ထဲက ရေပုံးကိုဆွဲပြီး ပြေးလာနေတဲ့ ဦးလေးကြီးတစ်ယောက်တို့ပါ။
"အား.... နင်တို့တွေက ရှေးဟောင်းအမွေအနှစ်တွေကို မီးရှို့ပြာချပစ်ဖို့ ကြိုးစားနေကြတာလား။"
ဖရာလီတာလေးက ဒီမြင်ကွင်းကိုမြင်တော့ မနေနိုင်မထိုင်နိုင် ထအော်ပြီးတော့ သူပါပြေးသွားပြီး မီးကူသတ်ပေးတယ်။
ဘာပဲပြောပြော ဒီဘုရားကျောင်းက အယ်ဒိုခေတ်လက်ရာလေ။ ချီဒိုရီသစ်သားဆက်ပညာရပ်နဲ့ သံတစ်ချောင်းမှမပါဘဲ ဆောက်ထားတာမလို့ ကမ္ဘာ့ယဥ်ကျေးမှုအတွက် အရေးပါတဲ့အမွေအနှစ်တွေ။ ဒါတွေသာ မီးလောင်သွားလို့ကတော့ အကုန်ပြဿနာတက်ကုန်မှာ။
အေမီနဲ့မက်ဒါနာတို့လည်း ရပ်ကြည့်မနေနိုင်တော့ဘဲ ဝိုင်းကူပြီး မီးငြှိမ်းပေးရတယ်။ မီးငြိမ်းသွားတော့ သူတို့တွေအကုန်လုံး မောနေပြီ။ ချွေးတစ်စက်မှမကျနိုင်တဲ့ အေမီကပါ ဒူးခေါင်းကိုလက်နဲ့ထောက်ထားပြီး တကယ်မောသလိုမျိုး အသက်ကိုပြင်းပြင်းရှူနေတဲ့အသံထွက်နေသေးတယ်။
ဘာလို့
အဲဒီလိုလုပ်နေလဲဆိုတာတော့ ဘုရားမှပဲသိလိမ့်မယ်။
ကလေးမလေးတစ်ယောက်က မက်ဒါနာရှေ့ကိုရောက်လာပြီး စက္ကူနဲ့ခေါက်ထားတဲ့ လိပ်ရုပ်လေးလာပေးတယ်။ ကလေးမလေးက မီကိုဝတ်စုံကိုဝတ်ထားပြီး တကယ်ချစ်စရာလေး။ ကြည့်ရတာ ဒီဘုရားကျောင်းရဲ့ထိန်းသိမ်းသူမျိုးဆက်ထင်တယ်။
"ကျေးဇူးပါနော်မမ၊ သမီးတို့တွေ လေ့ကျင့်ရင်းနဲ့ မီးက အကြီးကြီးဖြစ်သွားပြီး ထိန်းမနိုင်ဖြစ်ကုန်တာ။ မမတို့သာမလာရင် သမီးတို့ဘုရားကျောင်းတစ်ခုလုံး ပြာကျတော့မှာ။"
ဒါပေမဲ့ ကောင်မလေးစကားပြောလို့မဆုံးခင်မှာပဲ ဦးလေးကြီးက ကောင်မလေးပခုံးကိုဆုပ်ကိုင်ပြီး နောက်ကိုဆွဲခေါ်သွားတယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...