Chapter 33

294 37 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 33- ဆွေးနွေးခြင်း

ဆာကူရာဌာနချုပ်တွင်ဖြစ်သည်။

အိုက်ဇာဝါနှင့်ငွေရောင်စစ်သည်တော်တို့မှာ မျက်နှာချင်းဆိုင် ထိုင်နေကြပြီး လေဒီဘတ်တာဖလိုင်းကတော့ ကနာမငြိမ်ဖြစ်နေသည်။

ခမ်းနား​သော ဧည့်ခန်းမကြီးအတွင်းတွင် အနောက်တိုင်းဝတ်စုံကို ကျကျနနဝတ်ထားပြီး နားထင်တွင် ဆာကူရာပွင့်ချပ်သဏ္ဍာန် တက်တူးထိုးထားသည့် လူတစ်ဒါဇင်ခန့်က နံရံတွင်ကပ်ကာ စီစီရီရီမတ်တပ်ရပ်နေကြပါသည်။

အိုက်ဇာဝါကတော့ ဆိုဖာခုံပေါ်တွင် ခြေချိတ်ထိုင်လျက်ရှိပြီး သူ၏ဘေးတွင်ရှိနေသော လက်ထောက်မိန်းကလေးက သေတ္တာဆယ်လုံးကို ဖွင့်ပြလိုက်သည်။ ​ဒေါ်လာတစ်ရာတန်များက အတွင်းတွင် အထပ်လိုက်ရှိနေလေ၏။

"မင်းတို့ အခုနေအမှုရုပ်သိမ်းမယ်ဆိုရင် ဒေါ်လာဆယ်သန်းပေးမယ်။"

ငွေရောင်စစ်သည်တော်က ခေါင်းခါပြလိုက်သည်။ သူကလည်း အိုက်ဇာဝါကို အတုယူကာ ​ခြေချိတ်ထိုင်လိုက်ပြီး ပေါင်နှစ်ချောင်းကို လက်ဖြင့်ပုတ်လိုက်၏။ ဆွေးနွေးပွဲမီစေရန် တစ်လမ်းလုံး ပြေးလာရသဖြင့် ခြေထောက်များ ညောင်းနေပြီဖြစ်သည်။ တကယ်တော့ မက်ဒါနာကို သူ၏အိမ်စေဉာဏ်ရည်တုမက သတိပေးနေပြီးသားဖြစ်သည်။

"မမလေး၊ ဒီလူ့နှလုံးခုန်သံက တအားမြန်နေတယ်။ မမလေးကို အသေသတ်ချင်နေပုံပဲ။ ဟိုနောက်က ယာကူဇာတွေကိုတွေ့လား။ သူတို့အင်္ကျီအောက်မှာ သေနတ်တွေနဲ့။"

မက်ဒါနာကတော့ သူ့ဉာဏ်ရည်တုကို တကယ်ကြီးစဥ်းစားဉာဏ်ရှိအောင် လုပ်ခဲ့မိသည့်အတွက် နောင်တတွေ အတောင့်လိုက်ရနေသည်။ သာလိကာမလေးလိုမျိုး တစ်နေကုန် တတွတ်တွတ်ပြောနေတော့သည်။ ပြီးတော့ သူ့ရုပ်ခန္ဓာနှင့်ပတ်သက်ပြီး အခုထိကျေနပ်သေးပုံမရဘူး။

'လူကြီးကစားတဲ့ အရုပ်မကြီးနဲ့တူတယ်၊ ရင်ဘတ်ကလည်း ဆီလီကွန်အပေါစားကြီးနဲ့။' ပရိုဂရမ်တွေ ဖျက်ပစ်မယ်ပြောမှ ထပ်မပြောတော့ခြင်းဖြစ်သည်။

"မစ္စတာအိုက်ဇာဝါ၊ ခင်ဗျားကြည့်ရတာ ကျုပ်တို့ကို အထင်လွဲနေပုံပဲ။ ကျုပ်တို့ ခင်ဗျားတို့ကိုတရားစွဲထားတာ ပိုက်ဆံလိုချင်လို့မဟုတ်ဘူး။ ကျုပ်တို့က တရားမျှတမှုပဲလိုချင်တာ။"

I just Wanna be Hero not HeroineWhere stories live. Discover now