V2 Chapter 17

242 38 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 17 - ကိုယ့်ကိုယ်ကိုယ် ဘုရားလို့ထင်နေသူ၊ ရူးသွပ်နေသော သိပ္ပံပညာရှင်

ဆုဗာနာအရှေ့မြောက်ပိုင်း တောင်တန်း​ဒေသတစ်ခုတွင်ဖြစ်သည်။

ပေနှစ်ဆယ်ခန့်ရှည်​​သော ဧရာမသတ္တဝါကြီးတစ်ကောင်က တောင်တန်းများပေါ်မှ ဖြတ်သန်းကာ ခရီးဆက်လျက်ရှိသည်။ သေချာကြည့်မည်ဆိုပါက လူသားမိန်းကလေးတစ်ယောက်၏အပေါ်ပိုင်းခန္ဓာကိုယ်ရှိသော ကင်းခြေများကြီးတစ်ကောင်ဖြစ်သည်ကို တွေ့ရပေလိမ့်မည်။

စင်တီမှာတောင်အမြင့်ပိုင်းမှ လွင်ပြင်ဒေသအတွင်းသို့ သတိရှိရှိဆင်းလာသည်။ စင်တီ၏ခါးတွင်တော့ ကင်မရာတစ်လုံးရှိနေပြီး စင်တီ့နားတွင်လည်း နားကြပ်တစ်ခုကို တပ်ဆင်ထား၏။ စင်တီရှိနေသည့် မိုင်ပေါင်းများစွာကွာဝေးသော ရွက်ဖျင်တဲတစ်လုံးထဲတွင်တော့ ရူးနေသည့်ဒေါက်တာစမစ်က တိုက်ရိုက်ထုတ်လွှင့်နေသည့် ပုံရိပ်များကိုကြည့်ကာ အမိန့်များပေးနေသည်။

"ကောင်းပြီစင်တီ၊ ဖြည်းဖြည်းချင်းဆင်းသွား မလောနဲ့။ ငါတို့ရောက်တော့မှာပါ။"

ဒေါက်တာစမစ်၏ဘေးတွင်တော့ တရုတ်အမျိုးသမီးတစ်ဦးနှင့် ရုရှားစစ်ဝတ်စုံဝတ်ထားသည့် လူတစ်ယောက်တို့ အတူထိုင်နေကြသည်။

အမျိုးသမီးမှာ အသက်နှစ်ဆယ်ကျော်လောက်သာ ရှိဦးမည့်ပုံပေါ်ပြီး သူ၏ပေါင်ပေါ်တွင် ကုချင်းကိုတင်ထားပြီး ကြိုးများကို ဖြည်းညှင်းစွာထိတွေ့ကာ ပြောလိုက်၏။

"ရှင်ပြောတဲ့ ဇက်သတ္တုရတနာသိုက်က တကယ်ပဲ အဲဒီနေရာမှာ ရှိနေမှာမလို့လား။"

ထိုအမျိုးသမီးက ရှားမိသားစုမှ S rank ဟီးရိုးဖြစ်သော ကုချင်းနတ်သမီး ရှားပိုင်ဝေဖြစ်ပေသည်။ အသက်သုံးဆယ်ကျော်ပြီဖြစ်ကာ ကလေးနှစ်ယောက်အမေဖြစ်သော်လည်း ရှိရင်းစွဲအသက်ထက် များစွာငယ်နေသလိုမျိုး ခံစားရ၏။

"လွန်ခဲ့တဲ့ဆယ်နှစ်ကျော် လေးပွင့်ဆိုင်စစ်ပွဲမှာတုန်းက ဆုဗာနာနိုင်ငံက လပေါ်မှာပဲတွေ့ရတဲ့ ဇက်သတ္တုတွေကို ထုတ်ရောင်းပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးရဲ့အမြင်ကို ပြောင်းလဲပစ်ခဲ့တယ်။ သူတို့မှာ ဇက်သတ္တုရတနာသိုက်တစ်ခုရှိတယ်ဆိုပြီးတော့ပေါ့။"

I just Wanna be Hero not HeroineWhere stories live. Discover now