V3 Chapter 37

109 19 2
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 37 - နိုးထလာခြင်း

အရိုးမျက်နှာအုပ်စုလိုက်ကြီးက ငွေရောင်စစ်သည်တော်ကို ဒုက္ခပေးနိုင်တဲ့အထဲမှာမပါသေးဘူး။ မိနစ်နည်းနည်းလောက်ကြာတော့ အကုန်လုံးမျိုးပြုတ်ကုန်ပြီဖြစ်ပြီး ငွေရောင်စစ်သည်လည်း အခန်းအပြင်ပြန်ထွက်လာတယ်။

အပြင်မှာတော့ ဧရာမပုတ်သင်ကြီးနဲ့အေးဂျင့်တွေ အသည်းအသန်တိုက်ခိုက်နေကြဆဲပါ။ အေးဂျင့်လီယွန်က ပုတ်သင်ကြီးခေါင်းကိုဖက်ထားပြီး သူ့လက်က ဆူးချွန်တွေနဲ့အားကုန်ထုချနေတယ်။ ပုတ်သင်ခေါင်းက တော်တော်မာပေမဲ့ အားမလျှော့တမ်းထိုးစိုက်နေတာ ကြာပြီဖြစ်လို့ တချို့နေရာတွေမှာအသားတွေက မွစာကျဲနေပြီ။

အေးဂျင့်ကာတာကလည်း အကောင်ကြီးဟန်ချက်မထိန်းနိုင်အောင် သူ့အက်စစ်တွေနဲ့ကြမ်းပြင်ကိုချောနေအောင်လုပ်နေတယ်။ ဥစာကီကတော့ ဆူးတွေပါတဲ့ အမြီးသုံးခွက အေးဂျင့်နှစ်ဖက်ဖက်လှည့်မလာအောင် ဓားသိုင်းသုံးပြီးတားဆီးပေးနေတယ်။

ပုတ်သင်ရဲ့ပြန်လည်ကုစားနိုင်စွမ်းက အားကောင်းလွန်းပေမဲ့ နာကျင်မှုကိုမခံစားနိုင်တော့တဲ့အတွက် ဒေါသထွက်လာပုံပဲ။ ကန့်လန့်ဖြတ်မျက်လုံးအိမ်က ကျဥ်းမြောင်းသွားပြီး ရုတ်တရက်သူ့အ​ရေပြားပေါ်မှာ အပြာရောင်မီးတောက်တွေတောက်လောင်လာတယ်။

"လီယွန်... ခေါင်းကိုလွှတ်လိုက်...."

အေးဂျင့်ကာတာက သတိပေးလိုက်ပေမဲ့ လီယွန်လက်လွှတ်တာ စက္ကန့်ဝက်လောက် နောက်ကျသွားတဲ့အတွက် မျက်နှာတစ်ခြမ်းမီးဟပ်သွားပြီး ကြမ်းပြင်ပေါ်ကို ဆိုးဆိုးဝါးဝါးပုံစံမျိုးနဲ့ ပြုတ်ကျလာတယ်။

"အား.... အား..... ငါ့မျက်နှာ..."

ဥစာကီက ပုတ်သင်ကြီးရှေ့တိုးလာမှာစိုးတဲ့အတွက် ဓားရိုးပေါ်လက်တင်ပြီး ရှေ့မှာပိတ်ရပ်လိုက်တယ်။ တကယ်လို့ ပုတ်သင်ကြီးသာ ​ရှေ့တက်လာမယ်ဆိုရင် အားနည်းတဲ့အေးဂျင့်နဲ့ဟီးရိုးတွေအကုန်လုံးသေကုန်မှာပါ။

ဒါပေမဲ့ ငွေရောင်စစ်သည်တော် အခန်းထဲကထွက်လာတာမြင်တော့ ပုတ်သင်ကြီးက ရှေ့တက်မလာဘဲ တစ်ခုခုကို စိုးရွံနေသလိုမျိုး ကိုယ်ကိုရွံလိုက်ပြီးနောက်ကိုလှည့်ပြေးသွားတယ်။

I just Wanna be Hero not HeroineWhere stories live. Discover now