ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 12- နတ်သမီးလေးလျှပ်စစ်ပစ္စည်းအဟောင်းများထားသည့် အမှိုက်ပုံထဲတွင်ဖြစ်သည်။ ငွေရောင်ဆံပင်နှင့်ကောင်မလေးတစ်ယောက်က ဦးထုပ်ကိုနောက် ပြန်စောင်းထားပြီး ဂျင်းဘောင်းဘီအတိုအကျပ်ကလေးကို ဝတ်ထားကာ လျှပ်စစ်ပစ္စည်းအပျက်များထဲမှာ အကောင်းများကို ရွေးထုတ်နေ၏။
သံသယရှိစရာမလိုပေ။ စုန်းဖြူမလေး မက်ဒါနာပင်။
လန်းဆန်းတက်ကြွနေသော ကောင်မလေးတစ်ယောက် ပစ္စည်းများဖြုတ်တပ်နေသည့်မြင်ကွင်းကို စောင့်ကြည့်နေသည့် ရပ်ပါဦးထုပ်နှင့်လုံခြုံရေးအစောင့် ဝန်ထမ်းဦးလေးကြီးကတော့ ၂၀၀၀ ခုနှစ်များက ရပ်သီချင်းကိုဖွင့်ကာနားထောင်ရင်း ငယ်ရွယ်နုပျိုသွားသလိုခံစားနေရသည်။ လှပသည့်ကောင်မလေးတစ်ယောက် စွန့်ပစ်ပစ္စည်းထားသည့်နေရာသို့ရောက်လာပြီး ပစ္စည်းများဖြုတ်တပ်နေသည့်မြင်ကွင်းမှာ စိတ်ကူးရင်ဆန်လွန်းသည်မဟုတ်လား။
တစ်ကိုယ်လုံးချွေးများနှင့်စိုရွဲနေပြီး မျက်နှာတစ်ခုလုံးပေကျံနေသည့် ကောင်မလေးက သူလိုချင်သည့်ပစ္စည်းများကို လွယ်အိတ်ထဲပစ်ထည့်လိုက်ပြီးနောက် ဦးလေးကြီးကို လက်မထောင်ပြလိုက်၏။
"ဦးငယ်လေး၊ သမီးလိုချင်တာတွေအကုန်ရပြီ။ သွားလိုက်ဦးမယ်နော်။"
"အေးအေး....ဂရုစိုက်ပြီးသွားဦး၊ သမီးမိန်းကလေးတစ်ယောက်တည်း အပြင်မှာနောက်ကျတဲ့အထိ မနေနဲ့ဦး။"
ဦးလေးကြီးက ကောင်မလေးကို သတိပေးလိုက်ရင်း ယနေ့အတွက်ပစ္စည်းအဝင်အထွက်စာရင်းကို ပြန်စစ်ကြည့်လိုက်သည်။ သမီးအရွယ်ကောင်မလေးတစ်ယောက်က သူ့လိုလူတကာအဖက်မလုပ်ချင်သည့် သေမထူးနေမထူးလူတစ်ယောက်အား စကားပြောသွားသည့်အတွက် အကျေနပ်ကြီးကျေနပ်နေ၏။
"ပြောခါမှ၊ ဒီကိုလာတဲ့လူတွေထဲ ငါ့ကိုစကားပြောတာဆိုတော့ ဒီကောင်မလေးနဲ့ဟိုအာရှကောင်လေးပဲရှိတာ။ အဲဒီကောင်လေး ဒီတစ်ပတ်မလာဘူးလားမသိဘူး။"
ဦးလေးကြီးက မာလင်ဆိုသည့် နာမည်ထူးထူးဆန်းဆန်းနှင့်အာရှသားလေးကို သတိရသွားကာ သက်ပြင်းချလိုက်မိသည်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...