V2 Chapter 16

230 39 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 16 - ပထမဆုံးအနမ်းကို ခိုးသွားတဲ့ နတ်သမီးလေး

ဖရာလီတာရဲ့ငှက်ဒရုန်းလေး ရေကန်ကိုဖြတ်ပျံပြီး သိပ်မကြာခင်မှာပဲ ကျောက်ဆောင်ကိုဝင်တိုက်မိပြီး စတင်နစ်မြုပ်နေပြီဖြစ်တဲ့ လှေကြီးတစ်စင်းကို မြင်လိုက်ရပါတယ်။

တော်ဝင်လှေဟာ နယ်စားနန်းဆောင်လိုပဲ ငွေရောင်ဖြစ်ပြီးတော့ လူငါးဆယ်လောက်ကို တင်သွားလို့ရတဲ့အထိ ကြီးမားပါတယ်။ သစ်သားနဲ့စပ်ထား​တာဖြစ်ပြီး လှေဦးမှာနဂါးခေါင်းရှိပါတယ်။ အလယ်မှာကတော့ အမိုးအကာအပြည့်အစုံနဲ့ လှေတဲတစ်ခုရှိတယ်။

အခုလောလောဆယ်တော့ လှေကြီးက ထက်ပိုင်းကျိုးနေပြီဖြစ်ပြီး ရေထဲနစ်နေပါပြီ။ လှေထိုးသားတွေလည်း အကုန်ရေထဲခုန်ချပြီး ကမ်းရှိရာကို ကူးပြေးနေကြတယ်။ ဒါပေမဲ့ ကမ်းက သူတို့နဲ့တော်တော်ဝေးပါတယ်။ ပြီးတော့ ကလေးလေးတစ်ယောက် ရေထဲပြုတ်ကျသွားပြီး ပြန်ပေါ်မလာတော့တာကိုလည်း သူတို့မြင်လိုက်ရတယ်။

"ငါတို့ကို လာကြိုမယ့်လှေမရောက်သေးတာ လှေမြုပ်သွားလို့လား။" ဖရာလီတာက သူ့ဖုန်းထဲက မြင်ကွင်းကိုကြည့်ရင်း ပြောလိုက်တယ်။ မက်ဒါနာကတော့ ငွေရောင်သေတ္တာလေးကိုထုတ်လိုက်ပြီး လှေဆိပ်နောက်ကို ဆင်းသွားတယ်။ အလိုက်မသိတဲ့ ဝန်ကြီးဦးမောင်မောင်ကတော့ လှမ်းမေးလိုက်ပါတယ်။

"မင်းသမီး၊ ဘယ်သွားမလို့လဲ။"

"သန့်စင်ခန်းသွားမလို့လေ၊ ဘယ်သူမှ လိုက်မလာနဲ့နော်။"

အဲဲဒီနောက်တော့ နယူးယောက်မှာရှိနေသင့်တဲ့ ငွေရောင်စစ်သည်တော်ကြီး ဆုဗာနာရေပိုင်နက်ထဲမှာ ပေါ်လာခဲ့ပါပြီ။ Silver Knightဝတ်စုံဟာ နည်းပညာမြင့် Void Stream အထောက်အကူကြွက်သားနည်းပညာကို အသုံးပြုထားတာပါ။ ခန္ဓာကိုယ်ကြွက်သားလှုပ်ရှားမှုတိုင်းကို အားကောင်းစေတဲ့အတွက်ကြောင့် မက်ဒါနာဟာ ကန်ရေပြင်ကို ငွေရောင်ငါးတစ်ကောင်လိုမျိုး လျင်မြန်စွာ ဖြတ်ကူးနိုင်ခဲ့တယ်။

သူ့ရေကူးနှုန်းက အိုလံပစ်ချန်ပီယံပေါင်းများစွာကို နောက်ကောက်ချထားနိုင်ပြီး ရေပေါ်ဆိုင်ကယ်တွေထက်တောင် မြန်ပါသေးတယ်။ ပါးဟပ်တွေရှိတဲ့ ငါးအသွင်ပြောင်းမြူတန့်တစ်ကောင်အလား ကူးခတ်နေခဲ့တာပါ။

I just Wanna be Hero not HeroineWhere stories live. Discover now