V3 Chapter 36

110 16 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 36 - စမ်းသပ်ခန်း (၂)

မြူတန့်သိပ္ပံရဲ့ဂျပန်စမ်းသပ်ခန်းက တိုကျိုမြို့ပြင်ဖက် နည်းနည်းတောကျတဲ့နေရာမှာရှိတယ်။ နာမည်ကျော် ဖူဂျီတောင်ကြီးနဲ့နီးပြီးတော့ အပန်းဖြေစခန်းတွေ၊ စခန်းချနယ်မြေတွေ ဖွင့်လေ့ရှိတဲ့ နေရာတစ်ခုမှာပါ။

တိုကျိုဟီးရိုးအစည်းအရုံးကတော့ ဒေသခံရဲစခန်းနဲ့ပေါင်းပြီး အနားမှာပြည်သူတွေမရှိအောင် ဖယ်ရှားလိုက်ပြီးပါပြီ။

ဥစာကီကတော့ သူ့အဖိုးပေးလိုက်တဲ့မြေပုံအတိုင်း တောထဲမှာဦးဆောင်သွားနေပြီး ငွေရောင်စစ်သည်တော်နဲ့ဒရုန်းဇုန်တို့ကတော့ နောက်ကလိုက်နေတယ်။ သူတို့နောက်မှာတော့ တခြားဟီးရိုးတွေနဲ့ CIA မြူတန့်ဌာနစိတ်ကလူတွေ ပါလာတယ်။

တစ်နေရာရောက်တော့ ဥစာကီက ရပ်လိုက်ပြီးမြေပြင်ကို ခြေဆောင့်လိုက်တယ်။ အပေါ်ယံဖုံးထားတဲ့ မြေကြီးတွေ အပေါ်ကြွတက်လာပြီး ကားတစ်စီးဝင်စာ လေးထောင့်တံခါးပြားတစ်ချပ်က မြေပေါ်မှာ ကပ်လျက်ပေါ်လာခဲ့ပါပြီ။

"ဒီနေရာပဲ။"

အေးဂျင့်ကာတာကတော့ အဲဒီမြေပုံကို တစ်ချက်ကဲကြည့်လိုက်ပြီး မေးလိုက်တယ်။

"ဘာလို့မင်းမြေပုံက ဒီလောက်တိကျနေရတာလဲ။"

ဒီတောင်​ခြေက တောအုပ်နယ်မြေဟာ တော်တော်လေးကျယ်ပြန့်ပါတယ်။ ပုံမှန်နည်းလမ်းနဲ့ဝင်ပေါက်ရှာရင် လနဲ့ချီပြီးတော့တောင် ကြာမလားပဲ။ ယာမာဂုချီမိသားစုကသာ မြေပုံထုတ်မပေးလိုက်ရင် ဘယ်နည်းနဲ့မှ သူတို့တွေအချိန်မီရှာတွေ့မှာမဟုတ်ဘူး။

မက်ဒါနာကတော့ အေးဂျင့်တွေရဲ့အနောက်တိုင်းဝတ်စုံတွေကို အကဲခတ်နေတုန်းပဲ။ ပုံမှန်လိုထင်ရပေမဲ့ ဒီဥစ္စာတွေက ဇက်သတ္တုမျှင်တွေနဲ့ရက်လုပ်ထားတာပါ။ အခုလိုနာနိုဝတ်စုံမျိုးထုတ်နိုင်တာ အမေရိကန်စစ်တပ်ပဲရှိတယ်။ ဖရာလီတာတို့ ပန်ဒရာဂွန်တွေတောင် အဲဒီနည်းပညာမျိုးရှိပုံမပေါ်ဘူး။

"ဒီမြေအောက်စခန်းက ယာမာဂုချီမိသားစုနဲ့မြူတန့်သိပ္ပံအဖွဲ့ ပူးပေါင်းပြီးခိုးဆောက်ထားတာလေ။ ဒါကြောင့် အဆောက်အဦးမြေပုံက ကျွန်မလက်ထဲမှာရှိနေတာ သဘာဝကျပါတယ်။"

I just Wanna be Hero not HeroineWhere stories live. Discover now