V3 Chapter 43

105 14 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 43 - ဆာလောင်မှု

ဖရန့်တစ်ယောက် အဖြစ်ဆိုးကြီးမှာ သေဆုံးသွားတဲ့သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲတော်ကို သွားကြည့်ခဲ့ပေမဲ့ ကြာကြာမနေဖြစ်ခဲ့ဘူး။

မီဒီယာတွေတော်တော်များများက သူ့ကိုသတိထားမိသွားပြီး ဝိုင်းသတင်းမေးဖို့ကြိုးစားကြတဲ့အတွက် မနည်းရှေ့ဆက်သွားရတယ်။ ဆိုးလ်မြို့အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲက သာမန်တွေ့နေမြင်နေကျလိုပါပဲ။

ဒါပေမဲ့ ဖရန့်​တစ်သက်သာ ကြုံဖူးတဲ့ဆုတောင်းပွဲတွေထက် အဆပေါင်းများစွာကြီးမားပြီး လမ်းတိုင်းလမ်းတိုင်းမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပစ္စည်းတွေ၊ လူတွေနဲ့ပြည့်နေတယ်။

သေဆုံးသွားသူတွေရဲ့ဓာတ်ပုံတွေကို လမ်းဘေးနံရံတွေမှာ ချိတ်ဆွဲထားပြီး အဲဒီပုံတွေရှေ့မှာ ဆုတောင်းပေးတဲ့အနေနဲ့ ဖယောင်းတိုင်တွေထွန်းပေးတာ၊ ပန်းစည်းတွေ ချသွားပေးတာမျိုးတွေ့ရတယ်။ တက်ရောက်လာသူတိုင်းက ပူဆွေးခြင်းအထိမ်းအမှတ်အနေနဲ့ အနက်ရောင်ဝတ်လာကြပြီး တစ်နေရာရောက်တော့ ငိုကြွေးနေတဲ့ အဖွားအိုတစ်ဦးကို သူတွေ့လိုက်ရတယ်။

အဖွားအိုက သူ့ကိုလှည့်ကြည့်လိုက်ပေမဲ့ သိပ်ဂရုမထားဘဲ သေဆုံးသွားတဲ့ သားဖြစ်သူရဲ့ဓာတ်ပုံကိုသာ ပွေ့ပိုက်ထားပြီး ဆက်လက်ငိုကြွေးနေတယ်။ ဝမ်းနည်းမှုတွေက လာရောက်ကူးစက်တဲ့အတွက် ဖရန့်လည်း ဒီနေရာမှာအကြာကြီး ဆက်မနေချင်တော့တဲ့အတွက် သူယူလာတဲ့ ပန်းစည်းလေးကို တစ်နေရာမှာ ချပေးခဲ့ပြီး ထွက်သွားလိုက်တယ်။

ပြီးတော့ ဒီနေရာမှာရှိတဲ့လူတိုင်းက သူ့ကိုကြိုဆိုကြတာမဟုတ်ဘူးလေ။ မြူတန့်သိပ္ပံက လျှို့ဝှက်ဝါဒဖြန့်ထားတာကြောင့် တချို့သာမန်လူတွေက မြူတန့်တွေကို မကျေနပ်ကြတော့ပါဘူး။

လူအုပ်ထဲက တစ်ဝက်လောက်က သူ့ကိုစူးစူးဝါးဝါးစိုက်ကြည့်နေကြတယ်။ ဆိုးလ်အဖြစ်အပျက်က ဗီလိန်တွေကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဟီးရိုးတွေက ဖြစ်စဥ်ကို ရပ်တန့်ခဲ့ပေမဲ့ အဆုံးသတ်မှာတော့ မြူတန့်တွေကသာ သေကျေပျက်စီးမှုတွေအများကြီးကို ဖြစ်ပွားစေခဲ့တာပါ။ သာမန်အားဖြင့် စစ်ဖြစ်နေချိန်မှာတောင် ဒီလိုသိန်းသောင်းချီတဲ့ အရပ်သားသေဆုံးမှုမျိုးက ရှားပါးပါတယ်။

I just Wanna be Hero not HeroineWhere stories live. Discover now