ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Christmas Bonus Chapterမိရိုင်နဲ့ယုဆတို့နှစ်ယောက် နာဂါနိုကိုရောက်နေတာ နှစ်ရက်ရှိပြီ။ ပြီးတော့ ဒီနေ့က ခရစ်စမတ်နေ့ပါ။ လောလောဆယ်တော့ သူတို့နှစ်ယောက်လုံး သက်ကြီးစောင့်ရှောက်ရေးဂေဟာတစ်ခုမှာ နေနေကြရတယ်။
နာဂါနိုကို ရထားလက်မှတ်ဝယ်ပြီး ကဗျာကယာထွက်လာခဲ့ရတာဆိုတော့ သူတို့မှာပိုက်ဆံသိပ်ပါမလာဘူး။ ကျည်ဆန်ရထားပေါ်က ဆင်းပြီးတဲ့အခါကျမှ တည်းခိုခန်းငှားဖို့ ပိုက်ဆံမရှိမှန်း သတိထားမိကြတော့တာ။
ဒီလိုနဲ့ တွေ့ရာသက်ကြီးဂေဟာထဲ ကြုံရာမုသားလေးတွေနဲ့ ဝင်နေကြရတော့တာ။
"မင်္ဂလာပါရှင့်၊ သမီးတို့က အနားက အလယ်တန်းကျောင်းကနေ လုပ်အားပေးလာတဲ့ ကျောင်းသူလေးတွေပါ။ ခရစ်စမတ်ပိတ်ရက်မှာ ကျောင်းပြင်ပပညာရေးအနေနဲ့ သက်ကြီးဖိုးဖိုးဖွားဖွားတွေကို လာဖျော်ဖြေပေးတာပါ။"
ကံကောင်းစွာနဲ့ပဲ ဂေဟာတာဝန်ခံတွေက သူတို့ရဲ့ချစ်စရာရုပ်ကလေးတွေကြောင့် လိမ်နေတယ်မထင်ကြဘူး။ မိရိုင်လေးကလည်း သူ့အစ်မလက်မှတ်အတုပါတဲ့ ကိုယ်တိုင်စာစီစာရိုက်လုပ်ထားတဲ့ ထောက်ခံစာစာရွက်တစ်ရွက် ပြင်ဆင်ထားလိုက်သေးတယ်။
မိရိုင်ထက် စာပိုတော်တဲ့ ယုဆချန်က စာရွက်မှာသတ်ပုံအမှားတွေတစ်ပုံကြီးဖြစ်နေတယ်လို့ ပြောခဲ့သေးပေမဲ့ ဂေဟာတာဝန်ခံကတော့ သေချာဖတ်ကြည့်ပုံမရဘူး။ ဒီလိုနဲ့ နေ့တိုင်း ဂေဟာကဖိုးဖိုးဖွားဖွားတွေကို ကျောင်းသီချင်းတွေနဲ့ဆိုပြကပြရုံနဲ့ ထမင်းသုံးနပ်နဲ့နေစရာအခန်းတစ်ခန်းရသွားတယ်။
ဖီးနစ်ကြီးကတော့ နာဂါနိုမြို့ကို တံတိုင်းကြီးလိုဝန်းရံထားတဲ့ တောင်တန်းတွေပေါ်မှာ လျှောက်သွားနေတယ်။ အကောင်က ခပ်ကြီးကြီးဖြစ်ပြီး တောင်ပနေတဲ့ ရွှေနီရောင်အမွှေးအတောင်တွေကြောင့် မနက်ပိုင်းဆိုရင် ဖီးနစ်ကြီးအစာရှာထွက်နေတာကို သူတို့မြင်နိုင်တယ်။ ကံကောင်းစွာနဲ့ အာကိုင်းဂါမီကနေ အသွင်ပြောင်းသွားတဲ့ဖီးနစ်က လူတွေကိုအန္တရာယ်မပေးခဲ့ဘူး။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...